မီးသတ်လစဉ်ကြေး ကောက်ခံတာတွေ ရပ်ပါတော့
DVB
·
September 3, 2012
ကျနော်တို့ ကော့သောင်းမြို့မှာ မီးသတ်လစဉ်ကြေးတွေကို ရပ်ကွက်သူရပ်ကွက်သားတွေ ဆီက ကောက်ခံနေပါတယ်။ ဒီလစဉ်ကြေးတွေကို နိင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အမိန့်ပေးပြီး လစဉ်ကောက်ခိုင်းနေတာလား။ ကျနော်တို့ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ပုံမှန်ကောက်နေတာ တွေ့နေရပါတယ်။ မီးသတ်ကြေးကို လစဉ်ကောက်ရမယ်လို့ အစိုးရအာဏပိုင်တွေက တရားဝင်ဥပဒေ ထုတ်ပြန်ထားတာတွေ ရှိလား၊ ရှိရင်လည်း အဲဒီ မီးသတ်လစဉ်ကြေး ကောက်ခံရတဲ့ ဥပဒေမျိုး ပြည်သူတွေကို ချပြနိုင်အောင် ကြိုးစားပေးပါ ခင်ဗျား။ ကော့သောင်းမြို့ ရပ်ကွက်အသီးသီးမှာ မီးသတ်လစဉ်ကြေး ကောက်ခံနေတာတွေ အမြန်ဆုံးရပ်တန့် ပေးစေလိုပါကြောင်း တာဝန်သိ ပြည်သူတယောက်အနေနဲ့ ရေးသား တင်ပြလိုက် ပါတယ်။
ကော့သောင်းသားတဦး