အမေရိကန်က ဥရောပတွင် နျူထိပ်ဖူးတပ်ဒုံးကျည် တပ်ချမှုအပေါ် ရုရှား တုံ့ပြန်ရန် ပြင်ဆင်နေ

နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်အသစ်ကို အမေရိကန်က ဥရောပမှာ တပ်ချမှုအတွက် တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ ရုရှားက နိုဝင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။ စစ်အေးခေတ် လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ကနေ နုတ်ထွက်ဖို့ အမေရိကန်က ပြင်ဆင်ခဲ့ပေမယ့် ဒါမျိုးအစီအစဉ် မရှိဘူးလို့ အမေရိကန်က ငြင်းထားပါတယ်။ ၁၉၈၇ နျူလက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ်ကို ချိုးဖောက်တယ်လို့ ရုရှားနဲ့ အမေရိကန်တို့ အပြန်အလှန် စွပ်စွဲနေကြတာပါ။ ဒီအရေးကို ဆွေးနွေးဖို့ ဒီလနှောင်းပိုင်း အာဂျင်တီးနားနိုင်ငံမှာ ကျင်းပမယ့် G-20 ထိပ်သီးညီလာခံမှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံကြဖို့ ရှိပါတယ်။ ရုရှားဟာ ဒီသဘောတူစာချုပ်ကို ကယ်တင်ချင်တယ်။ အမေရိကန်အစိုးရနဲ့ ဒီအရေး ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီး ဆာဂီ ရွိုင်ယာကော့ဗ်က နိုဝင်ဘာ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်ဟာ ပိုလန်နဲ့ ရိုမေးနီးယားမှာ ဒုံးကျည်တွေ တပ်ချထားလို့ စာချုပ်ကို ချိုးဖောက်တယ်လို့လည်း သူက စွပ်စွဲပါတယ်။ နှလုံးသားတခု အပြောင်းအလဲဖြစ်ဖို့ အခွင့်အလမ်းက နည်းပါးတယ်၊ ဒါကြောင့် ရုရှားစစ်တပ်က စီစဉ်သူတွေက ဒီလို အနာဂတ် အလားအလာ အတွက်လည်း ပြင်ဆင်ထားတယ်လို့ သူက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up