A d v e r t i s e m e n t With Us

သူလျှိုမှုစွဲချက်ဖြင့် ထောင်ဒဏ်တသက် ကျခံနေရသည့် ဗြိတိန်တက္ကသိုလ်ဆရာကို ယူအေအီး လွတ်ငြိမ်းခွင့်ပေး

ဗြိတိန်တက္ကသိုလ်ဆရာ မက်သယူး ဟဒ်ဂျက်စ်ကို အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) က နိုဝင်ဘာ ၂၆ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အပေါ် သူ့ဇနီးက ကြိုဆိုလိုက်ပါတယ်။ ဟဒ်ဂျက်စ်ဟာ သူတို့ဝယ်တဲ့ စစ်တပ်ဆိုင်ရာ စနစ်တွေကို သုတေသနလုပ်နေတဲ့ သူလျှိုဆိုတဲ့ ယူအေအီးရဲ့ စွပ်စွဲချက်ကိုလည်း ငြင်းဆိုလိုက်ပါတယ်။ ဟဒ်ဂျက်စ်ဟာ သူလျှိုဆိုတဲ့ စွဲချက်တွေကြောင့် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ကျခံနေရတာပါ။ ဗြိတိန်ထောက်လှမ်းရေး အေဂျင်စီ MI6 အဖွဲ့ဝင်အဖြစ် ဝန်ခံနေတဲ့ သူ့ရုပ်သံကို ပြအပြီး မိနစ်ပိုင်းအကြာမှာ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မိသားစုရဲ့ တောင်းဆိုချက်ကို ယူအေအီးအစိုးရက နိုဝင်ဘာ ၂၆ ရက်မှာ ခွင့်ပြုပေးခဲ့ပါတယ်။ "ဒီ ၆ လ ၇ လ လောက်ကတော့ တကယ့်ကို အိပ်မက်ဆိုးကြီးပါပဲ" လို့ ဇနီးသည် ဒါနေးလာ တေဂျာဒါက ပြောပါတယ်။ သူဟာ ယူအေအီးကို သူလျှိုထောက်လှမ်းနေတာ မဟုတ်ဘူးဆိုတာ နှလုံးသားထဲကနေ သိတယ်လို့လည်း ပြောပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်က ချက်ချင်း သက်ရောက်ခဲ့လို့ အသက် ၃၁ နှစ်အရွယ် ပါရဂူတန်း ကျောင်းသား ဟဒ်ဂျက်စ်ဟာ သူ့ကို ၆ လကျော် ထိန်းသိမ်းထားတဲ့ ဒါဟမ်တက္ကသိုလ်ကနေ မိခင်နိုင်ငံဆီ ပြန်ခွင့်ရတော့မှာပါ။ လုပ်ထုံးလုပ်နည်းတွေ ပြီးစီးတာနဲ့ မိခင်နိုင်ငံ ပြန်ခွင့်ရမယ်လို့ ကြေညာချက် ထုတ်ပြန်ထားတဲ့အကြောင်း ယူအေအီးအစိုးရရုပ်သံ WAM က ကြေညာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up