A d v e r t i s e m e n t With Us

ဆိုမာလီ ဈေးဆိုင်များရှေ့ ကားဗုံးပေါက်ကွဲ၊ လူ ၃ ဦးထက်မနည်း သေဆုံး

ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရဲ့ ဝါဒါဂျီယာခရိုင်က ဆိုင်တွေရှေ့မှာ နိုဝင်ဘာ ၂၆ ရက်က ကားဗုံးတလုံး ပေါက်ကွဲလို့ လူ ၃ ဦးထက်မနည်း သေဆုံးတယ်လို့ ရဲနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေတင်ပြီး ရပ်ထားတဲ့ကားက ဆိုင်တွေအတော်များများရဲ့ ရှေ့မှာ ပေါက်ကွဲခဲ့တာလို့ ရဲအရာရှိ ဗိုလ်မှူး မိုဟာမက် ဟူစိန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး သေဆုံးသူဦးရေ မြင့်တက်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။ ဆိုမာလီနိုင်ငံ အလယ်ပိုင်းမှာ တနင်္လာနေ့ကလည်း အယ်လ်ရှာဘတ် သေနတ်သမားတွေနဲ့ အသေခံဗုံးခွဲသူတဦးရဲ့ သီးခြားတိုက်ခိုက်မှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up