Home
မြန်မာသတင်း
နိုင်ငံတ၀န်း ညအပူချိန်များကျဆင်း၊ ကိုကိုးကျွန်း၌ နှစ် ၆၀ အတွင်း အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်
DVB
·
November 27, 2018
46762617_1176709615817448_5556796080173088768_o
မြန်မာနိုင်ငံတ၀န်းမှာ ညအပူချိန်တွေလျော့နည်းကျဆင်းနေပြီး ကိုကိုးကျွန်းမှာ နှစ်ပေါင်း ၆၀ လောက်အတွင်း အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်လိုက်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမှာ နိုဝင်ဘာ ၂၆ ရက်က အနိမ့်ဆုံးအပူချိန် စံချိန်သစ် ၁၅ ဒီဂရီစင်တီရိတ်သာရှိခဲ့ပြီး ဒါဟာ ၁၉၆၉ ခုနှစ် နိုဝင်ဘာ ၆ ရက် လွန်ခဲ့တဲ့  နှစ်ပေါင်း ၆၉ နှစ်က တင်ထားခဲ့တဲ့ စံချိန်ဟောင်း ၁၅ဒသမ၈ ဒီဂရီစင်တီဂရိတ်ကို စံချိန်ချိုးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတခုလုံးအတွက်တော့ ညအပူချိန်ဟာ  နိုဝင်ဘာလရဲ့ ပျမ်းမျှ အပူချိန်အောက် ၄ဒီဂရီစင်တီဂရိတ်ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာတော့ ညအပူချိန်ဟာ နိုဝင်ဘာလရဲ့ ပျမ်းမျှအပူချိန်အောက် ၅ဒီဂရီ စင်တီဂရိတ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာ  နိုဝင်ဘာလရဲ့ ပျမ်းမျှ အပူချိန်အောက်၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။ ချင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာတော့ နိုဝင်ဘာလရဲ့ ပျမ်းမျှအပူချိန်ထက် ၂ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ နိုဝင်ဘာလရဲ့ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါတယ်။ ထူးခြားတဲ့ ညအပူချိန်တွေကတော့ ဟားခါးမြို့မှာ ၁ ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့နဲ့ ရမ်ကလောင်းမှာ ၃ ဒီဂရီစင်တီဂရိတ်စီ၊ သီပေါမြို့မှာ ၅ ဒီဂရီစင်တီဂရိတ်၊ ပင်လောင်းမြို့မှာ ၆ ဒီဂရီ စင်တီဂရိတ်၊ နမ့်စန်မြို့၊ တီးတိန်မြို့နဲ့ မတူပီမြို့တို့မှာ ၇ ဒီဂရီစင်တီဂရိတ်စီတို့ အသီးသီးဖြစ်ကြတယ်လို့ မိုးဇလ ထုတ်ပြန်ချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024