Home
မြန်မာသတင်း
ပြည်ထောင်စုအစိုးရအဖွဲ့ဝန်​ကြီးအဖြစ်​ ဦးမင်းသူကို အမည်​စာရင်းတင်
DVB
·
November 26, 2018
ပြည်​​ထောင်​စုအစိုးရအဖွဲ့ဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီးအဖြစ်​ ဦးမင်းသူကို နိုဝင်​ဘာ ၂၆ ရက်​​ မနက်က ပြည်​​ထောင်​စုလွှတ်​​တော်​အစည်း​ဝေးမှာ တင်​သွင်းလိုက်​ပါတယ်။ ပြည်​​ထောင်​စုအစိုးရအဖွဲ့ဝန်​ကြီး ဦး​သောင်းထွန်းကို ရင်းနှီးမြှပ်​နှံမှုနဲ့ နိုင်​ငံခြားစီးပွား ဆက်​သွယ်​​ရေးဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီးအဖြစ်​​ပြောင်းလဲ ခန့်​အပ်​လိုက်​တဲ့ အတွက်​ ၀န်ကြီးနေရာ လစ်လပ်နေတာပါ။ ဒါကြောင့် သမ္မတရုံးဝန်​ကြီးဌာန ဒုဝန်​ကြီး ဦးမင်းသူကို ပြည်​​ထောင်​စုအစိုးရအဖွဲ့ ဝန်​ကြီးဌာန ပြည်​​ထောင်​စုဝန်​ကြီးအဖြစ်​ ရာထူးတိုးမြှင့်ခန့်​အပ်​ဖို့ ပြည်ထောင်စုလွှတ်တော်မှာ အခုလို တင်​ပြ တာဖြစ်​ပါတယ်​။ အသက် ၆၂ နှစ်အရွယ် ဦးမင်းသူ (ခ) မြင့်ဇော်ဟာ တောင်ကြီးမြို့ဇာတိဖြစ်ပြီး စစ်တက္ကသိုလ်ကနေ သိပ္ပံဘွဲ့နဲ့ ကာကွယ်ရေးပညာ မဟာဝိဇ္ဇာဘွဲ့တွေ ရရှိထားသူတဦးဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်လွင်မေသိန်းဟာ တရားရုံးချုပ်ရှေ့နေ တဦးဖြစ်ပြီး သမီးနှစ် ဦးဖြစ်တဲ့ မဟေမာမင်းသူနဲ့ မဝေမာမင်းသူတို့ကတော့ ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်ကိုင်တယ်လို့ လွှတ်တော်မှာ ဖြန့်ချိထားတဲ့ ဦးမင်းသူရဲ့ ကိုယ်ရေးအကျဉ်းမှာ ဖော်ပြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024