A d v e r t i s e m e n t With Us

အမျိုးသမီးများအပေါ် အကြမ်းဖက်​မှုရပ်​တန့်​ရေး တောင်ကြီးမြို့တွင် စီတန်းလှည့်လည်ဆန္ဒပြ

အကြမ်းဖက်​ခံရတဲ့ အမျိုးသမီးတွေရဲ့အသံ ကျယ်​ကျယ်​​လောင်​​လောင်​ထွက်​လာဖို့နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်​မှုရပ်​တန့်​ဖို့ နိုဝင်​ဘာ ၂၆ ရက်​ မနက်က  တောင်​ကြီးမြို့မှာ ဒေသခံတွေက စီတန်းလှည့်လည်လှုပ်ရှားခဲ့ကြပါတယ်​။ အမျိုသမီးတွေဟာ ရောင်းကုန်​မဟုတ်​၊ အမျိုးသမီးတွေအ​ပေါ် လိင်​ပိုင်းဆိုင်​ရာ အကြမ်းဖက်​မှု ရပ်​၊ အမျိုးသမီးလုပ်​ငန်းခွင်​အတွင်းအကြမ်းဖက်​မှုရပ်​၊ အမျိုးသမီးနဲ့ က​လေးတွေအ​ပေါ် အိမ်​တွင်း အကြမ်းဖက်​မှုနဲ့ ညှဉ်းပန်းမှုမပြုရဆိုတဲ့ ဆိုင်းဘုတ်​တွေ ကိုင်​​ဆောင်​ ကြွေးကြော် လှုပ်ရှားခဲ့ကြပါတယ်။ ဒီကနေ့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ မြို့ခံ နန်းမြဦးက “အမျိုးသမီး အကြမ်းဖက်​မှု​လျော့ချဖို့က အမျိုးသမီးတွေအတွက် ကာကွယ်​​ပေးတဲ့ ဥပ​ဒေတွေ ခိုင်​ခိုင်​မာမာရှိဖို့ လိုသလို အမျိုးသမီးအသံ​တွေ နား​ထောင်​​ပေးဖို့လိုတယ်​”လို့ ပြောပါတယ်။ ဒီလှုပ်ရှားမှုနဲ့အတူ အမျိုးသမီးများအ​ပေါ်အကြမ်းဖက်​မှုနဲ့ ပတ်သက်တဲ့ ဇာတ်​လမ်းတို၊ ပြဇာတ်​တွေနဲ့ အမျိုးသမီးတွေရဲ့ အသံထွက်​​ပေါ်လာ​အောင်​ ​ဆွေး​နွေးပွဲတွေလည်း ပြုလုပ်​ခဲ့ပါ တယ်​။ သတင်း/ဓာတ်ပုံ- ခွန်ရာဇာ

A d v e r t i s e m e n t With Us

More News
Up