A d v e r t i s e m e n t With Us

အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးတက်ရန် ဒေါ်အောင်ဆန်းစုကြည် နီပေါသွားမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံသို့ မကြာမီ ကာလအတွင်း ချစ်ကြည်ရေးခရီးသွားရောက်မယ်လို့ အစိုးရပြန်ကြားရေးက တရားဝင် သတင်းထုတ်ပြန်ပါတယ်။ နီပေါနိုင်ငံ ၀န်ကြီးချုပ် ကေပီရှာမာအိုလီရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်ပြီး ခတ္တမန္ဒူမြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရတာဝန်မယူခင် ၂၀၁၄ ခုနှစ် ဇွန်လတုန်းကလည်း နီပေါနိုင်ငံ ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ အနေနဲ့ သွားရောက်ခဲ့ဖူးပါတယ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

A d v e r t i s e m e n t With Us

More News
Up