Home
မြန်မာသတင်း
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု
DVB
·
November 25, 2018
46778411_717990898577868_2870482972136439808_n
46789742_717990885244536_7895048191047892992_n
46961260_717990881911203_1891070922153000960_n
46836873_717990895244535_3727821842430296064_n
46522787_717990961911195_7493757340609413120_n
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ရည်ရွယ်ဆောင်ရွက်တဲ့ “၁၆ ရက်တာလှုပ်ရှားမှု” အသိပညာပေးဖွင့်ပွဲအခမ်းအနားနဲ့ “ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံမှာ ဒီကနေ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို အကြမ်းဖက်မှုရှုတ်ချသူ အမျိုးသမီးတွေ များစွာတတ်ရောက်ခဲ့ပြီး အသိပညာပေး ဟောပြောတာတွေလည်းပြုလုပ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့ဟာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ဖြစ်ပြီး ကမ္ဘာတ၀န်း ကျား၊မ အခြေခံအကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့ ၁၆ ရက်တာလှုပ်ရှားမှု စတင်တဲ့ နေ့လည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပုံစံတွေထဲမှာ အနှောင့်အယှက်ပေးတာ၊ လိင်ပိုင်း ဆိုင်ရာစော်ကားတာ၊ အဓမ္မကျင့်တာ၊ လူကုန်ကူးတာ၊ ရင်းနှီးသူရဲ့အကြမ်းဖက်မှုနဲ့ သတ်ဖြတ်မှု တွေ ပါဝင်တယ်လို့ Triangle အမျိုးသမီးအဖွဲ့ကပြောပါတယ်။ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာပပျောက်ဖို့အတွက် အမျိုးသားတွေပါ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ အမျိုးသမီးအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024