A d v e r t i s e m e n t With Us

ဘူးသီးတောင်တွင် တပိုင်တနိုင်လုပ်ငန်းများ ဖွံ့ဖြိုးလာရေး သင်တန်းပို့ချ

အသေးစားအလတ်စား လက်လီ တပိုင်တနိုင်လုပ်ငန်း်တွေ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ လက်လီ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှု ရက်တိုသင်တန်း ပြုလုပ်ပေးနေပါတယ်။ အဲဒီသင်တန်းကို Today Business Center ကနေ အခမဲ့သင်ကြားပေးတာဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ၃ ရက်တာ သင်ကြားပေးနေတာပါ။   အသေးစား အလတ်စား လက်လီတပိုင်တနိုင်လုပ်ငန်းလေးတွေ စနစ်တကျ တိုးတက်ဖွံ့ဖြိုးလာစေဖို့အတွက် သမားရိုးကျ မိရိုးဖလာပုံစံကနေ ခေတ်မီလုပ်ငန်းပုံစံတွေဆီ ပြောင်းလဲနိုင်ဖို့ ရည်ရွယ်ပြီး အခမဲ့သင်ပြပေးနေတာလို့ သင်တန်းဆရာ ကိုထင်အောင် က ပြောပါတယ်။ အဲဒီသင်တန်းမှာ စာရင်းဇယားထိန်းသိမ်းနည်း ကုန်ပစ္စည်းစာရင်း ထိန်းသိမ်းနည်းတွေကို သင်ကြာပေးသွားမယ်လို့ သိရပါတယ်။ အခုသင်တန်းမှာ ဈေးဆိုင်ရောင်းချသူတွေ၊ ကုမ္ပဏီပိုင်ရှင်တွေ၊ ဝန်ထမ်းတွေနဲ့ စာရင်းဇယားနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားသူ ၄၀ ဝန်းကျင် တက်ရောက်နေကြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up