မြန်မာ့လက်လုပ်မုန့်များ ကျွေးမွေးသည့် နိဗ္ဗာန်ဈေးပွဲတော် ကညွတ်ကွင်းတွင် ကျင်းပ

ပဲခူးတိုင်း ကညွတ်ကွင်းမြို့ ကျွန်းတောဘုန်းတော်ကြီးကျောင်းမှာ မြန်မာလက်လုပ်မုန့်တွေနဲ့ ကျွေးမွေးတဲ့ နိဗ္ဗာန်ဈေးပွဲတော်ကို နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီလောက်က ပြုလုပ်ခဲ့ပါတယ်။ အဲဒီနိဗ္ဗာန်ဈေးကို ဆိုင်ခန်းပေါင်း ၇၀ ကျော် လာရောက်လှူဒါန်းခဲ့ကြပြီး မြန်မာလက်လုပ်မုန့်တွေ ဖြစ်တဲ့ ကောက်ညှင်းပေါင်း၊ မုန့်ဟင်းခါး၊ မုန့်လက်ဆောင်း၊ မုန်ဖက်ထုပ်၊ မုန့်ကျွဲသဲ၊ မုန့်လုံးကြီးတို့အပြင် တခြား မြန်မာလက်လုပ်မုန့်တွေလည်း ပါဝင်ကျွေးမွေး လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ မနှစ်ကထက် ပိုမိုစည်းကားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးအဖွဲဝင် ဦးကျော်စိုးက ပြောပါတယ်။ ဒီလိုပွဲမျိုးပြုလုပ်ပေးတာဟာ လွန်စွာကောင်းမွန်တဲ့ မြန်မာ့အလေ့အထတခုဖြစ်ပြီး မိသားစုလိုက် လာရောက် ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့တယ်လို့ ပွဲလာမိသားစုတွေက ပြောပါတယ်။ ကျွန်းတောဘုန်းတော်ကြီးကျောင်းမှာ အခုလို နိဗ္ဗာန်ဈေးကို ကျင်းပတာ ဒုတိယအကြိမ်မြောက်ဖြစ်ဖြစ်ပြီး ပထမအကြိမ်က ဆိုင်ခန်းပေါင်း ၄၀ ကျော် လာရောင်လှူဒါန်းခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up