ပါကစ္စတန်တွင် ဆန္ဒပြခေါင်းဆောင် ဘာသာရေးဆရာတဦး ဖမ်းဆီးခံရ

609
ပါကစ္စတန်နိုင်ငံ အဓိကမြို့ကြီးတွေမှာ လမ်းပိတ်ဆန္ဒပြခဲ့ကြသူတွေရဲ့ ခေါင်းဆောင် ဘာသာရေး ဆရာတဦးကို အာဏာပိုင်တွေက နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
လာဟိုးမြို့ ဘာသာကျောင်းတစ်ခုက TLP ပါတီခေါင်းဆောင် ခါဒင်းဟူစိန်ရစ်ဇ်ဗီ ကို ညအချိန် ၀င်ရောက်စီးနင်း ဖမ်းဆီးသွားခဲ့တယ်လို့ သားဖြစ်သူက ပြောပါတယ်။
ဒီလအစောပိုင်းက ခါဒင်းဟူစိန်ရစ်ဇ်ဗီဟာ ပါကစ္စတန် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး နိုင်ငံတ၀ှမ်း ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ပါတယ်။
ဆန္ဒပြရတဲ့အကြောင်းကတော့ အစ္စလာမ်ဘာသာအပေါ် စော်ကားမှုနဲ့ သေဒဏ်ချမှတ်ထား တဲ့ ခရစ်ယာန် အမျိုးသမီးကို တရားရုံးချုပ်က တရားသေလွှတ်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။