Home
မြန်မာသတင်း
မူးယစ်ဆေးဖြန့်ဖြူးသည့် လက်ကြီးသမားများ ဖမ်းမိရေး တိုင်ကြားပေးရန် သမ္မတရုံး မေတ္တာရပ်ခံ
DVB
·
November 24, 2018
မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးမှုတွေဟာ တနေ့ထက်တနေ့ ပိုမိုများပြားလာနေပြီးတော့ ဒေသအာဏာပိုင်တွေ မထိရဲ မကိုင်တွယ်ရဲတဲ့ ဖြန့်ဖြူးရောင်းချနေတဲ့ လက်ကြီးသမားတွေကို ဖမ်းဆီးရမိဖို့တွက် တိုင်ကြားပေးဖို့ကို နိုင်ငံတော် သမ္မတရုံးက မေတ္တာရပ်ခံလိုက်ပါတယ်။ “ကျနော်တို့ လိုချင်တဲ့ဟာက ကြီးကြီးမားမား ထုနဲ့ ဒယ်နဲ့ အုံနဲ့ ကျဉ်းနဲ့ ဒေသအာဏာပိုင်တွေ က မကိုင်တွယ် မထိရဲတဲ့ ကိစ္စရပ်တွေကို ဦးစားပေးပြီးတော့ လုပ်ချင်ပါတယ်။ အဲအတွက်လည်း ပိုင်ရှင်မဲ့လိုဟာမျိုးတွေ နောက်ဂွင်းဆက်ပြတ်သွားတဲ့ ဟာမျိုးတွေ မဖြစ်အောင် အဲကိစ္စမျိုးတွေ အလေးထားပြီး လုပ်ချင်ပါတယ်။ အဲကိစ္စမျိုးတွေ အလေးထားပြီး တိုင်ကြားပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးကနေ ၂၂ - ၆ - ၂၀၁၈ ခုနှစ်က ဖွဲ့စည်းထားခဲပြီး ၅ လကျော်အထိ လက်ကြီးသမားတွေကို တိုင်ကြားလာမှု မရှိသေးတဲ့အပေါ် နေပြည်တော်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့က သတင်းမီဒီယာတွေနဲ့ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းတွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။ ဌာနဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်အနေနဲ့ကတော့ မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးနေတဲ့ လက်ကြီးသမားတွေ၊ အုံနဲ့ ကျင်းနဲလုပ်နေတဲ့ မူးယစ်ရာဇာကြီးတွေကို ဖမ်းဆီးရမိချင်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ “သတင်းပေးတိုင်ကြားသူတွေအနေနဲ့ မှန်မှန်ကန်ကန် သတင်းပေးတိုင်ကြားပေးဖို့ တိုင်ကြားတဲ့ အခါမှာလည်း ပြည်ြ့ပည့်စုံစုံ တိုင်ကြားပေးဖို့ သတင်းပေးသူရဲ့ အချက်အလက် အားလုံးကိုလည်း လုံလုံခြုံခြုံ လျှိုဝှက်ထားပေးမယ်လို့ ပြောထားပြီးသားဖြစ်ပါတယ်။ ပြည်ထဲရေးကတော့ ဒီဟာ ဘယ်သူတိုင်တယ်ဆိုတာ မသိပါဘူး။ ကျနော်တို့ ဘက်က အဲလောက်အထိ လုပ်ထားတဲ့အတွက် သတင်းပေးတိုင်ကြားပေးတဲ့ ပြည်သူတွေဘက်ကလည်း ထိထိရောက် မှန်ကန်တဲ့ အချက်အလက်တွေကို ပေးပို့ပေးဖို့ မေတ္တာရပ်ခံပါတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။ တိုင်ကြာရေးဌာနကို ၀၆၇-၅၉၀၂၀၀ နဲ့ ၀၆၇-၅၉၀၂၃၃ နံပတ်တွေနဲ့ [email protected] တွေကနေ သတင်းပေးတိုင်ကြားနိုင်ပြီးတော့ သတင်းပေးတိုင်ကြားသူ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုလဲ ပြည်ထဲရေးကတောင် မသိဘူးလို့လည်း ဆိုပါတယ်။ အဲဒီလို လက်ကြီးသမားတွေကို တိုင်ကြားခဲ့လို့ ဖမ်းဆီးရမိခဲ့မယ်ဆိုရင် သတင်းပေးတိုင်ကြားသူကို ဖြန့်ဖြူးရောင်းချ သူတွေရဲ့ ဆက်စပ် ပိုင်ဆိုင်မှုပစ္စည်းတွေကို ထုခွဲရောင်းချပြီးတော့ ရာခိုင်နှုန်းအလိုက် ပေးသွားမှာလို့လည်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024