A d v e r t i s e m e n t With Us

သာစည်မြို့နယ်တွင် ရပ်ထားသည့် ၆ ဘီးကုန်တင်ကား ၂ စီး မီးရှို့ခံရ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ယင်းမာပင်ရွာအနီး သစ်စက်ဝင်းအတွင်း နိုဝင်ဘာ  ၂၃ ရက် မနက်အစောပိုင်းက ရပ်ထားတဲ့ ၆ ဘီးကုန်တင်ကား ၂ စီးအား မီရှို့မှုဖြစ်သွားတယ်လို့ သာစည်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ “ကား ၂ စီးလုံး တပြိုင်တည်း လောင်တာပါ။ ခေါင်းပိုင်း အကုန်လောင်သွားတယ်။ သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင် ၁၇ ဦး နဲ့ မီးငြှိမ်းရတယ်။ မီးသတ်ကား ၂ စီး နဲ့ ရေဂါလန် ၂၄၀၀ လောက်သုံးရတယ်။ ရွာခံတွေရော ကူပြီး မီးငြိမ်းပေးတယ်။ ဆုံးရှုံးမှုတန်ဖိုး ၁၁ သိန်းလောက် ခန့်မှန်းတယ်။ လူနဲ့ တိရစ္ဆာန်ထိခိုက်မှုမရှိပါဘူး" လို့ သာစည်မြို့နယ် မီးသတ်ဦးစီး ဦးထွန်းဝင်းက ပြောပါတယ်။ ယင်းမာပင်ရွာအရှေ့ဘက် ၁ မိုင်ခွဲလောက်အကွာမှာရှိတဲ့ ဒေါ်သန်းရွှေပိုင်တဲ့ စိုးမိုးနိုင်သစ်စက်ဝင်းအတွင်း ရပ်ထားတဲ့ ကင်တာကား၂ စီးလုံး မီးလောင်သွားတာပါ။ ယင်းမာပင်ရွာနေ ဦးကျော်ထွန်းက "ကထိန်တွင်းမို့ ကားတွေက သစ်စက်ဝင်းထဲ ပြန်ထိုးထားတာပါ။ ညက ယင်းမာပင်ရွာမှာ မီးပုံးပျံပွဲရယ်၊ ဇာတ်ပွဲရယ် ရှိတယ်။ ဒါမျိုးတခါမှ မဖြစ်ဖူးတော့ အစောင့်ကလည်း မီးတောက်ကြီး တက်လာမှ သိတော့တာပေါ့" လို့ ပြောပါတယ်။ ယင်းမာပင်ရွာရဲစခန်း ဒုရဲအုပ်ရန်သိန်းက "ကား ၂ စီးလုံး ခေါင်းပိုင်းတွေ မီးလောင်သွားတယ်။ မီးရှို့မှုနဲ့ အမှုဖွင့်ထားပါတယ် မီးရှို့သွားတဲ့ တရားခံကိုလည်း စုံစမ်းဖော်ထုတ် နေပါတယ်။ အမြန်ဆုံး ဖမ်းဆီးမိမှာပါ" လို့ ပြောပါတယ်။ ယင်းမာပင်ရွာရဲစခန်းမှာ သစ်စက်ပိုင်ရှင် ဒေါ်သန်းရွှေက တရားလိုလုပ်ပြီး မီးရှို့မှု ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း- မောင်မောင်လင်း

A d v e r t i s e m e n t With Us

More News
Up