ချဲလ်ဆီး ကွင်းလယ်လူ ကန်တီ အသင်းနှင့် ၅ နှစ် စာချုပ် ချုပ်ဆို

1K
ပီအက်စ်ဂျီအသင်းရဲ့ အဓိကခေါ်ယူဖို့ ပစ်မှတ်ထားခံနေရတဲ့ ချဲလ်ဆီး ကွင်းလယ်ကစားသမား ကန်တီဟာ အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
ကန်တီဟာ စာချုပ်အသစ်အရ တပတ်လုပ်ခ ပေါင် ၂၉၀၀၀၀ ထိဖြစ်ပြီး ယခင်လစာထက် နှစ်ဆပိုမိုရရှိတော့မှာ ဖြစ်ပါတယ်။
ကန်တီက သူ့အနေနဲ့ အသင်းမှာ ၂ နှစ်ကြာ ကစားခဲ့တာဟာ ပျော်ရွှင်ဖွယ်ကောင်းပြီး တကယ့်ကိုလှပတဲ့ ကာလတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လန်ဒန်မြို့ကိုလည်းကြိုက်သလို၊ အသင်းကိုလည်း နှစ်သက်ကြောင်း ဒီနေရာကိုရောက်ရှိခဲ့တာဟာ သူ့ကိုယ်သူ တိုးတက်ဖို့အတွက် စိန်ခေါ်နိုင်ခဲ့တယ်လို့ ကန်တီက ပြောပါတယ်။
ကန်တီကို လက်စတာအသင်းမှာ ကစားခဲ့စဉ်ကတည်းက ပစ်မှတ်ထားခဲ့တဲ့ ပီအက်စ်ဂျီအနေနဲ့လည်း စိတ်ပျက်စရာ သတင်းဖြစ်ခဲ့ရပါတယ်။
ကန်တီဟာ ချဲလ်ဆီးအသင်းကိုရောက်ရှိခဲ့တဲ့ ရာသီအစမှာတင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့သလို သူကိုယ်တိုင်လည်း တနှစ်တာအကောင်းဆုံး ကစားသမားဆု ရရှိခဲ့ပါတယ်။