အမေရိကန် ရှော့ပင်းမော်လ်တခုတွင် ပစ်ခတ်မှုဖြစ်၊ ၁ ဦး သေဆုံး

အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ် ဟူးဗားမြို့ရှိ ရှော့ပင်းမောလ်တခုမှာ  နိုဝင်ဘာ ၂၂ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်တာကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီသေနတ်ပစ်ခတ်မှုဟာ ဆယ်ကျော်သက် ၂ ဦး စကားများပြီး အပြန်အလှန် သေနတ်နဲ့ ပစ်ခတ်ရာကနေ စတင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အပြန်အလှန် ပစ်ရာကနေ တဦး ဒဏ်ရာရပြီး အခြားတဦးကတော့ ထွက်ပြေးသွားခဲ့ပါတယ်။ ထွက်ပြေးသွားတဲ့ ဆယ်ကျော်သက် လူငယ်ဟာ ရဲနှစ်ဦး နဲ့ အပြန်အလှန် ပစ်ခတ်ပြီးနောက် သေဆုံးခဲ့တယ်လို့ NBC သတင်းဌာနက ထုတ်ပြန်ပါတယ်။ သေနတ်ပစ်ခတ်မှုဟာ ကျေးဇူးတော်နေ့အခါသမယ ထောင်နဲ့ချီတဲ့လူတွေ ဈေးဝယ်နေချိန် ဖြစ်ပွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up