အမေရိကန် အပါအဝင် ၁၄ နိုင်ငံစုပေါင်းပြီး လေတပ် တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့် (ရုပ်သံ)
Published By
DVB | 22 November, 2018
895
0
Share
0
Comment
0
Likes
အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက လေတပ်တွေ စုရုံးပြီး ဘရာဇီးနိုင်ငံ မြောက်ပိုင်းမှာ လေတပ် တိုက်ခိုက်ရေးစွမ်းရည် လေ့ကျင့်ကြပါတယ်။
Southern Cross လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း တက္ကဆက်လေကြောင်း အမျိုးသားအစောင့်တပ်က F16 တိုက်လေယာဉ် ၆ စီး အပါအဝင် လေယာဉ်အစီး ၁၀၀ ကျော် ပါဝင်လေ့ကျင့်ပါတယ်။
ဘရာဇီး၊ ကနေဒါ၊ ချီလီ၊ ပြင်သစ်၊ ပီရူးနဲ့ ဥရုဂွေးနိုင်ငံတွေက လေယာဉ်တွေလည်း ပါဝင် လေ့ကျင့်ပါတယ်။
သဘာဝကပ်ဘေးအပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးရေး၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စစ်ဆင်ရေးနဲ့ ဒေသတွင်း တည်ငြိမ်မှု စစ်ဆင်ရေးတွေ အပါအဝင် ကမ္ဘာတလွှားက ဖြစ်ရပ် အလားအလာတွေအတွက် ပြင်ဆင်ဖို့ ပုံစံထုတ်ထားတဲ့ ဇာတ်ညွှန်းတွေအတိုင်း လေ့ကျင့်နေတာပါ။
သမားရိုးကျမဟုတ်တဲ့ စစ်ပွဲတွေကို ပိုအာရုံစိုက် လေ့ကျင့်ပြီး ရဟတ်ယာဉ်တွေကနေ ကြိုးနဲ့ တွယ်ဆင်းတာ၊ လေယာဉ်တွေပေါ်ကနေ လေထီးခုန်ချတာတွေကိုလည်း လေ့ကျင့်ပါတယ်။
ဘရာဇီး အရှေ့မြောက်စွန်းက နာတယ်လ် လေတပ်အခြေစိုက်စခန်းဟာ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နဲ့ ဘရာဇီး ပူးပေါင်းဆောင်ရွက်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ဖူးပါတယ်။