A d v e r t i s e m e n t With Us

ချန်ပီယံလိဂ် ဝင်ခွင့်မရ၍ အသင်းဘဏ္ဍာရေး ထိခိုက်ဟု အာဆင်နယ် မန်နေဂျင်းဒါရိုက်တာ ပြော

ဥရောပချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တာဟာ အသင်းရဲ့ ဘဏ္ဍာရေးကို ထိခိုက်စေတယ်လို့ အာဆင်နယ်အသင်းရဲ့ မန်နေဂျင်းဒါရိုက်တာက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂ နှစ်ဆက်တိုက် လွဲချော်ခဲ့ပြီး တဆင့်နိမ့်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကိုပဲ ယှဉ်ပြိုင်ကစားနေတာပါ။ ချန်ပီယံလိဂ်ဝင်ခွင့် မရတာဟာ အသင်းကို သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုရှိပြီး  ယူရိုပါလိဂ်ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြားမှာ ခြားနားမှုတွေ ရှိတယ်လို့ အသင်းဒါရိုက်တာ ဗီနိုင်းဗန်ကိတ်ရှန်က ပြောပါတယ်။ လာမယ့်နှစ်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရဖို့ မျှော်လင့်ထားပြီး နည်းပြ အူနိုင်းအမ်မရီရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီးလည်း အသင်းဒါရိုက်တာ ဗန်ကိတ်ရှန်က ချီးကျူးပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲ ကစားအပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အဆင့်လေးနေရာက စပါးနဲ့ သုံးမှတ်ကွာဟနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up