Home
မြန်မာသတင်း
ကမ္ဘာ့ကလေးများ​​နေ့ အထိမ်းအမှတ်ပွဲ မန္တ​​လေးတွင် ကျင်းပ
Aung Aung Naing
·
November 21, 2018
ကလေးသူငယ်​ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂစာချုပ် ၂၉ နှစ်မြောက် နှစ်​ပတ်​လည်​​နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို မန္တ​လေး၊ မဟာ​အောင်​​မြေမြို့နယ်​ မ​နော်​ရမ္မာန်​ က​လေးကစားကွင်းမှာ မနေ့ညနေက ကျင်း​ပပါတယ်။ အခမ်းအနားမှာ မန္တ​လေးတိုင်းဝန်​ကြီးချုပ်​​ ဒေါက်​တာ​ဇော်​မြင့်​​မောင်​က “က​လေး​​လေးတွေ စောင့်​​ရှောက်​ဖို့က လုံးဝကို လူကြီး​တွေရဲ့တာဝန်​ပဲ ဖြစ်​တယ်​ဆိုတာ ပြောချင်​တယ်။ ကျ​နော်​တို့လည်း တတ်​နိုင်​သမျှ စောင့်ရှောက်​ပါတယ်​။ အစိုးရမှာလည်း မူ​တွေရှိတယ်​၊ လုပ်​လည်း လုပ်​​နေပါတယ်​။ လုပ်​​နေတဲ့လုပ်​ငန်းအားလုံးကို ပြည်​သူ​ထောက်​ခံဖို့ပဲ အ​ရေးကြီးတာပါ” လို့ ပြောပါတယ်။ ဒီပွဲကို မန္တ​လေးတိုင်း​အစိုးရ အဖွဲ့ဝင်တွေ၊ မန္တ​လေးတိုင်း အမျိုးသမီး​ရေးရာ​ကော်​မတီ ဥက္ကဋ္ဌ ​ဒေါက်​တာယုယု​မေ၊ လူမှုဝန်​ထမ်းနဲ့ ပြန်​လည်​​နေရာချထား​ရေးဌာန တာဝန်ရှိသူတွေ၊ သုခရိပ်မြုံ က​လေး​စောင့်​​ရှောက်​​ရေး​ကျောင်း၊ အမျိုးသမီး အသက်​​မွေးဝမ်း​ကျောင်းနဲ့ အန်ဂျီအို အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။ က​လေးသူငယ်​ဆိုင်ရာ အခွင့်အရေးစာချုပ်ကို ၄၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့တဲ့ ၁၉၈၉ နိုဝင်​ဘာ ၂၀ ရက်​​နေ့ကို  ကမ္ဘာ့က​လေးများ​နေ့အဖြစ် သတ်မှတ်ထားတာပါ။ မြန်​မာနိုင်ငံအ​နေနဲ့ ၁၉၉၁ ခုနှစ်​မှာ အဖွဲ့ဝင်​နိုင်​ငံအဖြစ်​ စာချုပ်မှာ ပါဝင်​လက်​မှတ်​​ရေးထိုးခဲ့ပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024