Home
မြန်မာသတင်း
YBS ယာဉ်များကြံ့ခိုင်မှုနည်းသဖြင့်  ဂျပန်က ယာဉ်ထိန်းသိမ်းပြုပြင်နည်းစနစ်ပညာပေး
ရန်နိုင်ဇော်ဝင်း
·
November 20, 2018
ရန်ကုန်မှာပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေရဲ့ ကြံ့ခိုင်မှု အားနည်းနေတဲ့အတွက် လုပ်ငန်းရှင်တွေကို  ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ယာဉ်ထိန်းသိမ်း ပြုပြင်မှုပုံစံနည်းစနစ်နဲ့ ပတ်သက်လို့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ နေ့စဉ်ပြေးဆွဲနေတဲ့ ယာဉ်တွေကို ပြုပြင်ထိန်းသိမ်းနည်းစနစ်တွေနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံရှင်းခီဘတ်စ်ကုမ္ပဏီရဲ့ ဘတ်စ်ကား ပြုပြင်ထိန်းသိမ်းနည်းစနစ်ပုံစံကို လာရောက် ဆွေးနွေးတာလို့ YRTA ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်ညီဘိုက ပြောပါတယ်။ “ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ နေ့စဉ်ပြေးဆွဲနေတဲ့ YBS ယာဉ်တွေရဲ့ ကြံ့ခိုင်မှုဟာ အရေးကြီးပါတယ်။ မော်တာတော်ယာဉ်ကြံ့ခိုင်မှုရှိမှာ ခရီးသွားပြည်သူတွေအတွက် အသက် အန္တရာယ် လုံခြုံစိတ်ချရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယာဉ်တွေကြံ့ခိုင်ဖို့အတွက် နေ့စဉ်မှာ ဘယ်လို ထိန်းသိမ်းမလဲဆိုတဲ့ ဆွေးနွေးမှုတွေလိုအပ်မှာဖြစ်တယ်” ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နေ့စဉ် YBS ယာဉ်မောင်း ၄၅၀၀ နဲ့ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ယာဉ်ကြံ့ခိုင်မှုစစ်ဆေးတဲ့နည်းစနစ်ကို JICA နဲ့ YRTA တို့ပူးပေါင်းပြီး ရှင်းခီဘတ်စ် ကုမ္ပဏီက ကျွမ်းကျင်ပညာရှင် နှစ်ဦးက တာဝန်ဆောင်ရွက်နေတာ ဖြစ်ပြီး ဒီလိုဆွေးနွေးပွဲ ပြုလုပ်တာ သုံးကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024