မြူးကြွတဲ့စည်းချက်တီးလုံးတွေနဲ့ ကျောင်းရှေ့မှာကပြနေတဲ့ ကျောင်းဆရာလေးရုပ်သံ ရေပန်းစား
DVB
·
November 20, 2018
ရှမ်းပြည်နယ်က အထက်တန်းကျောင်းတကျောင်းမှာ ကျောင်းဆရာလေး တဦးက ကျောင်းသားကျောင်းသူတွေကို အကသင်ပေးရင်း သူကိုယ်တိုင်ကပြတဲ့ ဗွီဒီယိုကို လူမှုကွန်ရက်မှာ လူတွေ သိန်းနဲ့ချီ စိတ်ဝင်စား ကြည့်ရှုနေကြပါတယ်။
ဆရာလေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ငါးအိုးရွာ အထက်တန်းကျောင်းမှာ တန်းပြလာဆင်းနေတဲ့ ကျောင်းဆရာလေးဖြစ်တယ်လို့ ဆရာမ နန်းလောင်ဝ်နွတ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်ထားတာပါ။
ဗွီဒီယို ၄ ခု တင်ထားပြီး မြူးကြွတဲ့ စည်းချက်တီးလုံးတွေနဲ့ ကျောင်းရှေ့ဝင်းထဲမှာ ဆရာလေးကပြပြီးနောက် ကျောင်းသားကျောင်းသူတွေလည်း အတူကကြတာကို တွေ့ရပါတယ်။
တင်ထားတဲ့ ၄ ရက်လောက်အတွင်းမှာ လူပေါင်း ၁၂ သိန်းကျော်ရှိပြီး လူတွေ ထောင်နဲ့ချီ ပြန်ပြီး မျှဝေထားကြပါတယ်။