နေးရှင်းလိဂ်ပွဲစဉ် ဂျာမနီ ၂ – ၂ နယ်သာလန် (ရုပ်သံဟိုက်လိုက်)

နေရှင်းလိဂ်ပွဲစဉ်အဖြစ် နာမည်ကြီး ဂျာမနီနဲ့ နယ်သာလန်တို့ မနေ့ညက ယှဉ်ပြိုင်ရာ တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။ ဂျာမနီအသင်းဟာ နေးရှင်းလိဂ်မှာ လိဂ် ဘီကို တန်းဆင်းသွားရပြီဖြစ်ပေမယ့် အိမ်ကွင်းမှာ အထူးကြိုးစား ကစားသွားတဲ့အတွက် ပွဲက အပြန်အလှန်ရှိပြီး ကြည့်ကောင်းခဲ့ပါတယ်။ ဂျာမနီအသင်းဟာ ဆာနေး၊ ဝါနာ၊ ကင်မစ်ခ်ျ၊ တိုနီခရူးစ်၊ ရူဒီဂါ၊ ဟမ်းမဲလ်၊ နူအာ စတဲ့ အဓိက ကစားသားတွေနဲ့ ပွဲထွက်လာခဲ့တာပါ။ ခြေစွမ်းပြနေတဲ့ နယ်သာလန်အသင်းကိုလည်း ဒီပေး၊ ဘာဘယ်လ်၊ ဝစ်ခ်ျနယ်လ်ဒန်၊ ဒီဂျောင်၊ ဗန်ဒိုက်၊ ဘလိုင်းတို့က ဦးဆောင်ခဲ့ကြတာပါ။ အိမ်ရှင် ဂျာမနီအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးမယူနိုင်ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အသာရခဲ့ပါတယ်။ အဖွင့်ဂိုးကိုလည်း အိမ်ရှင်အသင်းကပဲ ရခဲ့ပြီး ပွဲချိန် ၉ မိနစ်မှာ ဝါနာ၊ ၁၉ မိနစ်မှာ ဆာနေးတို့က သွင်းယူခဲ့ပြီး ပထမပိုင်းမှာ ဂျာမနီက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ နယ်သာလန်အတွက် ချေပဂိုးတွေကိုတော့ ပွဲချိန်နှောင်းပိုင်းမှ သွင်းယူနိုင်ခဲ့ပြီး ၈၅ မိနစ်မှာ ပရိုမက်စ်၊ မိနစ် ၉၀ မှာ ဗန်ဒိုက်တို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲသရေကျတဲ့ နယ်သာလန်အသင်းက အုပ်စုတွင်း ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီး နေးရှင်းလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up