A d v e r t i s e m e n t With Us

မိုင်းပန်မြို့နယ်တွင် ရွာသား ၁ ဦး စပါးရိတ်​သွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရ

ရှမ်းပြည်​နယ်​​တောင်​ပိုင်း၊ မိုင်းပန်မြို့နယ်၊ နာမွန်းကျေးရွာအုပ်စု ပန်ပီး​ဒေသမှာ မိုင်းပုတ်ရွာသားတဦး  နိုဝင်ဘာ ၁၈ ရက်က စပါးရိတ်​သိမ်းဖို့သွားရင်း မိုင်းနင်းမိပြီး ဒဏ်ရာ အပြင်းအထန် ရရှိသွားပါတယ်​။ မိုင်းပုတ်ရွာသား ဦးလွန်းကျော်ဟာ မနက် ၇ နာရီခွဲလောက်က တောင်ယာစပါးရိတ်​သိမ်းဖို့ သွားရာလမ်းမှာ မိုင်းနင်းမိပြီး ​ပေါက်​ကွဲကာ ယာခြေထောက်ပြတ်နဲ့ ဘယ်ခြေထောက်မိုင်းစထိမှန် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာလို့  မိုင်းပုတ်ရွာသားတဦးက ပြောပါတယ်​။ “မ​နေ့ကလည်း ခြံသွားတယ်​။ စပါးရိတ်​သိမ်းတာမပြီးပြတ်​လို့ ဒီ​နေ့ မနက်​​စော​စော ထပ်​သွားတဲ့ အချိန်​မှာ မိုင်းနင်းမိတာ၊ လမ်းတလမ်းထဲ မ​နေ့ကမရှိဘူး ဒီ​နေ့မှ နင်းမိတာ ​ခြေတဖက်​ ပြတ်​သွားတယ်​။ အခုမိုင်း ပန်​​ဆေးရုံကို ​ဆေးကုသဖို့ ပို့လိုက်​ပြီ” ပန်​ပီး​ဒေသရှိ ​ဒေသခံတွေဟာ စပါးသီးနှံရိတ်သိမ်းချိန်ဖြစ်ပေမယ့်လည်း ​မိုင်းနင်းမိ​ပေါက်​ကွဲ ဒဏ်​ရာရရှိမှု မကြာခဏဖြစ်​ပွားတဲ့အတွက်​ ခြံယာ​သို့သွား​ရောက်​ဖို့နဲ့ သီးနှံ​တွေ​ရောင်းချဖို့အတွက်​ ​ကြောက်​​နေရပြီး လုံခြုံမှုမရှိဘူးလို့ ​​ဒေသခံ​တွေ​ပြောပြချက်​အရ သိရပါတယ်​။ ပန်​ပီး​ဒေသမှာ ပြီးခဲ့တဲ့ ​အောက်​တိုဘာ ၁၆ ရက်​​နေ့က အန်စီအေလက်​မှတ်​ထိုးထားတဲ့ RCSS/SSA အဖွဲ့နဲ့ ပအိုဝ်းအမျိုးသား​ လွတ်​​မြောက်​​ရေးအဖွဲ့ချုပ်​ PNLO တို့ တိုက်​ပွဲဖြစ်​ပွားခဲ့ပါ တယ်​။ ပြီးခဲတဲ့ ​အောက်​တိုဘာ ၃၀ ရက်​​ကလည်း ရွာသားတဦး နွား​ကျောင်းရင်း ဆိုင်​ကယ်​နဲ့ အပြန်​ လမ်းမှာမိုင်းနင်းမိပြီး ဒဏ်​ရာအပြင်းအထန်​ရရှိခဲ့သလို၊ နိုဝင်​ဘာ ၇ ရက်​​ ကလည်း ပန်​ပီး ဘုန်း​တော်​ကြီး​ကျောင်း မီး​လောင်​ခဲ့ပါတယ်​။ ''ခုကတောင်ယာထဲထိတောင် မိုင်းလိုက်ထောင်တာဆိုတော့ စစ်သားအချင်းချင်း မကျေနပ် ကြတာထက် ရွာသားတွေမနေရဲအောင် လုပ်နေသလိုပဲ မိုင်းပန်သွားတဲ့လမ်းမှာလည်း ဆိုင်ကယ် သမားနှစ်ယောက်နင်းမိပြီးပြီ'' လို့ဒေသခံတစ်ဦးက​ပြောပါတယ်​။ အဲ့ဒီ ​ဒေသမှာ အန်စီအေ လက်မှတ်ထိုးထားတဲ့ ​​RCSS/SSA ရှမ်းပြည်​ပြန်​လည်​ ထူ​ထောင်​​ရေး​ကောင်​စီ လက်​နက်​ကိုင်​ အဖွဲ့ လှုပ်​ရှားရာနယ်​​မြေဖြစ်​​ကြောင်း သိရပါတယ်​။ သတင်း - ခွန်​ရာဇာ

A d v e r t i s e m e n t With Us

More News
Up