A d v e r t i s e m e n t With Us

ပါကစ္စတန်တွင် ပေါက်ကွဲမှုကြောင့် ၂ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချီမြို့က လူစည်ကားတဲ့နေရာမှာ နိုဝင်ဘာ ၁၆ နှောင်းပိုင်းက ပေါက်ကွဲမှုကြောင့် လူ ၂ ဦးထက် မနည်း သေဆုံးပြီး တခြားလူ ၈ ယောက် ဒဏ်ရာရတယ်လို့ ရဲနဲ့ ဆေးရုံက အရာရှိတွေက အတည်ပြုပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေသုံးပြီး ဖောက်ခွဲခဲ့တာလို့ အကြီးတန်း ရဲအရာရှိ ရာဂျာအူမာ ခတ်တဘ်က ပြောပေမယ့် အမျိုးအစား၊ ပြင်းအားနဲ့ ပစ်မှတ်တွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဗုံးဖြုတ်သိမ်းရေး တပ်ဖွဲ့က နောက်ဆုံး သုံးသပ်ချက်ပေးပြီးရင် သတင်းအချက်အလက်တွေ မျှဝေမယ်လို့ ရဲက ပြောပါတယ်။ မြို့အရှေ့ပိုင်းက ကွေဒါဘတ် မိုးပျံလမ်းအောက် ဈေးတန်းနားမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ဒီဖောက်ခွဲမှုအတွက် ဘယ်သူကမှ တာဝန်ယူ ကြေညာတာ မလုပ်သေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up