A d v e r t i s e m e n t With Us

ဒီဂီယာ နေရာအစားထိုးရန် ပက်ဖို့ဒ်ကို မန်ယူက ပစ်မှတ်ထားနေ

မန်ချက်စတာ ယူနိုက်တက်အသင်းက လက်ရှိ ဂိုးသမား ဒီဂီယာ အသင်းပြောင်းရင် အစားထိုးနိုင်ဖို့  အင်္ဂလန် ဂိုးသမား ဂျောဒန် ပက်ဖို့ဒ်ကို ပစ်မှတ်ထားနေတယ်လို့ သည်ဆန်းသတင်းမှာ ဖော်ပြထားပါတယ်။ ဂိုးသမား ဒီဂီယာဟာ မန်ယူအသင်းနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုဖို့ ငြင်းဆန်ထားပြီး သူ့ကို  ဥရောပ ထိပ်သီးအသင်းတွေက ခေါ်ယူဖို့ မျက်စိကျနေတာပါ။ ဒါကြောင့် ဒီဂီယာအသင်းကနေ ထွက်ရင် အဲဗာတန်နဲ့ အင်္ဂလန် ဂိုးသမား ပက်ဖို့ဒ်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ဖို့ မန်ယူက ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂိုးသမား ပစ်ဖို့ဒ်ဟာ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးထားပါတယ်။ ဒါပေမယ့်လည်း မန်ယူက တကယ်ခေါ်ဖို့ ကြိုးစားလာရင်တော့ အဲဗာတန်အနေနဲ့ သူတို့ဂိုးသမားကို လက်လွှတ်ရနိုင်ဖွယ် ရှိတယ်လို့လည်း သတင်းမှာ ခန့်မှန်းရေးသားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up