Home
မြန်မာသတင်း
ဧရာဝတီမြစ်ကြောင်းတွင် သင်္ဘောတစီး သောင်တင်နစ်မြုပ် (ရုပ်သံ)
DVB
·
November 17, 2018
မန္တလေးကနေ ဗန်းမော်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်၊ပြောင်းနဲ့ ဘိလပ်မြေတွေ တင်ဆောင်လာတဲ့ သံကွန်သင်္ဘောတစီးဟာ စင်းခန်းကျေးရွာနဲ့ မြလယ်ကျေးရွာကြားမှာ နိဝင်ဘာလ ၁၆ ရက်နေ့ မနက် ၈ နာရီလောက် မြစ်လယ်ရှိ ကျောက်ဆောင်ပေါ်သောင်တင်ပြီး သင်္ဘော တ၀က်နှစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။ မြစ်ကြောင်းပေါ် မြူမှုန်တွေ ဖုံးလွမ်းတာကြောင့် လမ်းကြောင်းကို ကောင်းစွာမမြင်ရဘဲ မြစ်လယ်ရှိ ကျောင်ဆောင်ပေါ်ကို သင်္ဘောရောက်ရှိသွားတာလို့ မီးသတ်တပ်ကြပ်ကြီး ညီလေးက ပြောပါတယ်။ သောင်တင်နေတဲ့ သင်္ဘောပေါ် ဆန်၊ ပြောင်း၊ ဘိလပ်မြေ အိတ်တွေ ပြန်လည်ရရှိရေးအတွက် စန်းခန်း တံတားလုံခြုံရေး တာဝန်ယူနေတဲ့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ ဒေသခံတွေက ကူညီသယ်ဆောင်ပေးခဲ့ကြပါတယ်။ အဲ့ဒီ သင်္ဘောပေါ်မှာ ဘိလပ်မြေ အိတ် ၃၉၀ဝ၊ ဆန်အိတ်နဲ့ ပြောင်း အိတ်ပေါင်း ၁၅၀၀ အိတ်တင်ဆောင်ထားတယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရတာ၊ အသက် အန္တရာယ် ဆုံးရှုံးတာတော့ မရှိခဲ့ပါဘူး။ ကုန်ပစ္စည်းတွေ ပြန်လည်ဆယ်ယူရာမှာ ဆီတင်သင်္ဘောပေါ် သယ်ယူကာ ကမ်းကပ်ပြီး ကုန်ပစ္စည်းတွေကို ဆယ်ယူခဲ့ကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024