DVB Logo
Home
မြန်မာသတင်း
စီးပွားရေးဇုန် ပူးတွဲအကောင်အထည်ဖော်ရန် မြန်မာ-ဂျပန် သဘောတူ
DVB
·
August 30, 2012
စီးပွားရေးဇုန် ပူးတွဲအကောင်အထည်ဖော်ရန် မြန်မာ-ဂျပန် သဘောတူ
Donate to DVB

ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ ရန်ကုန်မြို့အနီးမှာ အဓိက စီးပွားရေးဇုန်တခုကို ပူးတွဲအကောင်အထည်ဖော်ဖို့ သဘောတူခဲ့ကြပါတယ်။

[caption id="attachment_30025" align="alignleft" width="285"] ယူကီအို အီဒါနိုနဲ့ ဦးတင်နိုင်သိမ်း[/caption]

ဂျပန်စီးပွားရေးဝန်ကြီး ယူကီအို အီဒါနို (Yukio Edano) နဲ့ မြန်မာ စီးပွားဖွံ့ဖြိုးရေးဝန်ကြီး ဦးတင်နိုင်သိမ်းတို့ မနေ့က တွေ့ဆုံရာမှာ နားလည်မှုစာချွန်လွှာ လဲလှယ်ရေး သဘောတူခဲ့တာလို့ NHK သတင်းက ဖော်ပြပါတယ်။

ဝန်ကြီးနှစ်ဦးဟာ ဟက်တာ ၂၄၀၀ ကျယ်တဲ့ သီလ၀ါအရပ်မှာ အထူးစီးပွားရေးဇုန် ပူးတွဲအကောင်အထည်ဖော်ရေးကိစ္စကို ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ တက်ရောက်ရင်း သဘောတူခဲ့ကြတာလို့ ဆိုပါတယ်။

ဂျပန်ဝန်ကြီးက မြန်မာပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ မျှော်လင့်ချက် ဆုပ်ဆုပ်ကိုင်ကိုင် ပြနိုင်အောင် ဂျပန်နိုင်ငံက အကောင်းဆုံး လုပ်ဆောင်မယ်လို့ ပြောပါတယ်။

မြန်မာဝန်ကြီးကတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံနဲ့ လက်တွဲ အလုပ်လုပ်လိုတယ်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံက ဟွန်ဒါမော်တာ ကုမ္ပဏီကလည်း ရန်ကုန်မြို့မှာ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်မယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။

ကုမ္ပဏီက မြန်မာနိုင်ငံမှာ မော်တော်ဆိုင်ကယ်ဈေးကွက်ကို သုတေသန လုပ်နေပါတယ်။ မြန်မာနိုင်ငံကို ဒီနှစ်ကုန်ပိုင်းလောက်မှာ စတင်ပြီး ပြည်တွင်းက အရောင်းကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ပြီး မော်တော်ဆိုင်ကယ် တင်ပို့ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဆိုင်ကယ်စီးရေ ၃ သန်းနဲ့ ၄ သန်းကြားမှာ ရောင်းနိုင်ဖို့ မျှော်လင့်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဟွန်ဒါအနေနဲ့ နောက်ပိုင်းမှာ မော်တော်ဆိုင်ကယ်ကို မြန်မာပြည်တွင်းမှာ ထုတ်လုပ်ရေးကို စဉ်းစားမှာပါလို့ ဆိုပါတယ်။

ရန်ကုန်မှာ ဖွင့်လှစ်မယ့်ရုံးဟာ မော်တော်ဆိုင်ကယ်ဈေးကွက်နဲ့ အများပြည်သူ အခြေခံအဆောက်အဦတွေရဲ့ အခြေအနေတွေကို လေ့လာဖို့ ဖြစ်ပါတယ်။

ဂျပန်ကားထုတ်လုပ်တဲ့ ဆူဇူကီးကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ ကားထုတ်လုပ်တဲ့ စက်ရုံတခု တည်ဆောက်ဖို့ ပြင်ဆင်နေသလို ယမဟာ မော်တာကလည်း ကိုယ်စားလှယ်ရုံး ဖွင့်ဖို့ စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013