A d v e r t i s e m e n t With Us

ဆရာဦးစံဖေကို ဂုဏ်ပြုသည့်အနေဖြင့် တောင်ကြီးတွင် ပန်းချီပြပွဲ ကျင်းပ

လူငယ်​​တွေကို ပန်းချီပန်းပုပညာ လက်​ဆင့်ကမ်း​ပေးတဲ့ ဆရာဦးစံ​ဖေကို ဂုဏ်​ပြုတဲ့အ​နေနဲ့ ​တောင်​ကြီး ပန်းချီပန်းပု အစည်းအရုံးက​ ဆောင်းအလင်္ကာ ပန်း​ချီပြပွဲကို ​တောင်​ကြီးမြို့ ရှမ်းပြည်​နယ်​ ယဉ်​​ကျေးမှုပြတိုက်​မှာ ပြုလုပ်ပါတယ်​။ ဆရာကြီးဦးစံ​ဖေဟာ မြန်​မာနိုင်​ငံ ​နေရာအ​တော်​များများက ဗိုလ်​ချုပ်​​အောင်​ဆန်းရုပ်​တုကို ထု​လုပ်​ခဲ့သူဖြစ်ပြီး မျိုးဆက်​သစ်​ လူငယ်​​တွေကိုလည်း ပန်းချီ၊ ပန်းပု ပညာ​တွေ လက်​ဆင့်​ကမ်း ခဲ့သူလည်း ဖြစ်ပါတယ်။ ပန်းချီ ဆရာတယောက်​ဖြစ်​ဖို့ ဝါသနာအရင်းခံပြီး ​တော်​​တော်​ရုန်းကန်​ရမယ့် အ​နေအထားရှိပြီး ခုလိုပြပွဲပြုလုပ်​​ပေးနိုင်​မှသာ မျိုးဆက်​သစ်​ လူငယ်​​ပန်းချီဆရာ ထွက်​​ပေါ်လာမှာ ဖြစ်​ပါတယ်​။ ပန်းချီပြပွဲကို ​တောင်​ကြီး တန်​​ဆောင်​တိုင်​အတွင်း နိုဝင်​ဘာ ၁၄ ရက်​​နေ့ကနေ ၂၂ ရက်​​နေ့ အထိ ပြသသွားမှာ ဖြစ်​ပါတယ်​။ အဲဒီပန်းချီပြပွဲမှာ ပန်းချီ ဆရာ ၅၀ ​ကျော်​က အလှပန်းချီပုံ၊ နိုင်​ငံ​ရေး​ ခေါင်း​ဆောင်​ပုံ၊ ​တော​တောင်​ သဘာဝနဲ့ လူ​နေမှုဓ​လေ့ ပန်းချီကား​ပေါင်း ၁၇၇ ပုံကို လာ​ရောက်​ပြသခဲ့တာ ဖြစ်​ပါတယ်​။

A d v e r t i s e m e n t With Us

More News
Up