A d v e r t i s e m e n t With Us

နာဆူကာဝါနှင့်ပွဲ ပြန်လည်ထိုးသတ်မည်ဟု မေဝဲသာ ပြော

နာဆူကာဝါနဲ့ ထိုးသတ်တော့မှာမဟုတ်ဘူးလို့ ကြေညာခဲ့တဲ့ မေဝဲသာဟာ အခုလက်ရှိမှာတော့ ပြန်လည်ထိုးသတ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ မေဝဲသာဟာ နာဆူကာဝါနဲ့ထိုးသတ်ပွဲ အမှန်တကယ်ဖြစ်လာတော့မှာဖြစ်ပေမယ့် ကစ်ဘောက်ဆင် စည်းမျဉ်းအတိုင်းထိုးသတ်မှာ မဟုတ်ကြောင်း ပြောပါတယ်။ ဘောက်ဆင်စည်းမျဉ်းအတိုင်း ထိုးသတ်မှာဖြစ်ပြီးတော့ ထူးခြားချက်ကတော့ ဟန်ရေးပြ သက်သက်သာထိုးမယ့် ကမ္ဘာ့ကြေးအများဆုံး သရုပ်ပြပွဲတပွဲအဖြစ် မြင်တွေ့ရဖို့ရှိပြီး ၉ မိနစ်သာ ကြာမြင့်မှာဖြစ်ပါတယ်။ မေဝဲသာကသူဟာ အော်ပရာဝင်းဖရေး၊ ဘေလ်ဂိတ်တို့လို့ ချမ်းသာပြီးသား ဖြစ်ပေမယ့် ငွေရလမ်းပေါ်လာရင်တော့ စိတ်ဝင်စားတယ်လို့ ပြောပါတယ်။ အခုပွဲဟာ ဂျပန်က ရိုက်ဇင်းအဖွဲ့ရဲ့ပုံရိပ်ကို မြှင့်တင်ပေးမယ့် ပရိုမိုးရှင်းပွဲ သက်သက်သာ ဖြစ်တဲ့အပြင် မေဝဲသာရဲ့ လောဘကြီးမှုကို မေးခွန်းထုတ်နေကြပါတယ်။ မေဝဲသာဟာ လာမယ့်နှစ်မှာတော့ ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုနဲ့ နောက်ထပ်တကြိမ် ထိုးသတ်ဖို့ရှိနေပြီး အခြားနာမည်ကြီး ပြိုင်ဘက်တွေနဲ့လည်း ပွဲစီစဉ်နေတယ်လို့ ရှုံးပွဲမရှိချန်ပီယံရဲ့ အသင်းထံကနေ သတင်းတွေ ထွက်ပေါ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up