ဝန်ကြီးချုပ်တဦး အပြောင်းအလဲ ပြုလုပ်မည့်သတင်း မဟုတ်ဟု ဒေါက်တာဇော်မြင့်မောင်ပြော

တိုင်းဒေသကြီး ဝန်ကြီးချုပ်တဦး အပြောင်းအလဲပြုလုပ်ဖို့ ရှိနေတယ်လို့ သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီရဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်အတွင်းက တောင်ညောင်ကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေး အခမ်းအနားအပြီး သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် အခုလိုဖြေဆိုခဲ့တာဖြစ်ပါတယ်။ "ကျနော်သိရမှာပေါ့ဗျာ။ ပါတီအနေအနေနဲ့ တာဝန်ရှိသူလေ။ ဒီလိုသတင်းတွေကတော့ တိတိကျကျမဟုတ်တဲ့ဟာတွေ ထွက်နေတာပေါ့။ တိတိကျကျဟုတ်ပြီဆိုရင် ကျနော်တို့က တာဝန်ယူမှု တာဝန်ခံမှု လုပ်ပါတယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်လည်း ကတိပေးပြီးသာပေါ့နော်။ ပြည်သူက မနှစ်သက်ဘူး၊ တဝန်ယူမှု တာဝန်ခံမှုမရှိဘူး၊ အားဂတိတရားနဲ့ မကင်းနိုင်တဲ့သူ ဆိုလို့ရင်တော့ ကျနော်တို့ ဖြုတ်ပြီး လဲပေးတာလည်း ခင်ဗျတို့ မျက်မြင်ကိုယ်တွေ့ပဲလေ။ ဝန်ကြီးတွေ လဲတာတွေလည်း ရှိတာပဲ။ အခုလောလောဆယ်တော့ မဟုတ်ဘူး။ ကျနော်ပြောတဲ့စကားကို ယုံပါ" လို့ ဒေါက်တာဇော်မြင့်မောင်က ဆိုပါတယ်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကျေးလက်နဲ့ မြို့ပြကွာဟမှု နည်းပါးစေဖို့ ရည်ရွယ်ပြီး ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ဖြစ်စေတဲ့ လျှပ်စစ်မီးလင်းရေး ကိစ္စတွေကို ဦးစားပေး လုပ်ဆောင်နေတယ်လို့ မန္တလေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up