Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအစိုးရနှင့် လွှတ်တော်သက်တမ်းဝက်ကာလ ပြန်လည်သုံးသပ်ဆွေးနွေး
Aung Ko Latt
·
November 14, 2018
46350007_917552791783050_3430974172744908800_n
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တိုင်းလွှတ်တော် သက်တမ်းတဝက်တာ ကာလအခြေအနေတွေကို နိုင်ငံရေးပါတီတွေ တွေ့ဆုံကာ အပြန်အလှန်သုံးသပ်ဆွေးနွေးမှုကို ဒေါင်းမျိုးဆက် လူငယ်စွမ်းရည်မြှင့်အဖွဲ့က ဦးဆောင်ကာ ဒီကနေ့ မုံရွာမြို့ ဂလော်ရီယပ်ဟိုတယ်မှာ ပြုလုပ်ပါတယ်။ အဓိကဆွေးနွေးသူအနေနဲ့ ပြည်ခိုင်ဖြိုးပါတီက တိုင်းလွတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဆန်းဝင်း၊ အန်အယ်လ်ဒီ တိုင်းလွတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သူဟန်ထွန်း၊ ပြည်သူ့ ပါတီက တိုင်းဥက္ကဋ္ဌ ဦးစိုးဝင်းဆွေနဲ့ ဒေသတွင်း အခြေစိုက်မီဒီယာက တာဝန်ခံအယ်ဒီတာ တို့က ဆွေးနွေးခဲ့ကြပြီး အန်အယ်လ်ဒီပါတီ တိုင်းအတွင်းရေးမှူး၊ တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ၊ တိုင်းအဆင့် ညွန်ကြားရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒေါင်းမျိုးဆက် လူငယ်စွမ်းရည်မြှင့်အဖွဲ့က စီမံကိန်းတာဝန်ခံ ကိုခန့်ဝေဖြိုးက "လက်ရှိအစိုးရရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး စတဲ့ကဏ္ဍတွေမှာ အရင်အစိုးရနဲ့ နှိုင်းယှဉ်ပြီး အားနည်းချက်၊ အားသာချက်တွေ၊ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာတဲ့ သဘောပါ။ ကျန်ရှိတဲ့သက်တမ်းမှာ အစိုးရ၊ လွှတ်တော်ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေ ပြန်ပြင်နိုင်ဖို့ တနေနေရာကနေ အထောက်အကူပြုနိုင်စေရေးကို ရည်ရွယ်ပြီး ပြုလုပ်တာ။"လို့ ပြောပါတယ်။ ဒီဆွေးနွေးပွဲက ပထမဆုံးအကြိမ်ကျင်းပတာလည်း ဖြစ်ပါတယ်။ တက်ရောက်လာသူ တချို့ကတော့ လွှတ်တော်အပေါ်မှာ အထိုက်အလျောက် ကျေနပ်အားရမှုရှိပေမယ့် အစိုးရအပေါ်မှာတော့ အောင်မြင်မှုအနေနဲ့ ဖော်ပြစရာ ဘာမှမရှိတဲ့အတွက် စိတ်တိုင်းမကျဘူးလို့ ဆိုပါတယ်။ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒေါက်တာဆန်းဝင်းကလည်း စီးပွားရေးကျဆင်းမှု၊ လွှတ်တော်တွင်း ဝန်ကြီးချုပ် လာရောက်နားထောင်မှုမရှိတာတွေအပေါ်မှာလည်း ဆွေးနွေးခဲ့ ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေ များများလုပ်ပေးမှ အစိုးရရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို သိမှာဖြစ်တဲ့အတွက် များများလုပ်ပေးစေချင်တယ်လို့လည်း တက်ရောက်လာသူတွေက ပြောဆိုကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024