DVB Logo
Home
မြန်မာသတင်း
ခဲမဖြူပျောက်ဆုံးမှု အမှုမှန် ဖော်ထုတ်ပေးရန် သမ္မတထံ အသနားခံစာတင်သွင်း
DVB
·
August 29, 2012
ခဲမဖြူပျောက်ဆုံးမှု အမှုမှန် ဖော်ထုတ်ပေးရန် သမ္မတထံ အသနားခံစာတင်သွင်း
Donate to DVB

သန်လျင်မြို့နယ်ရှိ ခဲမဖြူ သန့်စင်စက်ရုံက နိုင်ငံပိုင် ခဲမဖြူတွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အမှန်အတိုင်း ဖော်ထုတ်ပေးပါရန်   ဖမ်းဆီးခံထားရတဲ့ စက်ရုံမှူးဟောင်း ဦးတင်အေးရဲ့ သမီးက သမ္မတ ဦးသိန်းစိန်ထံကို အသနားခံစာ တင်သွင်းထားပါတယ်။

[caption id="attachment_29988" align="alignleft" width="300" caption="စက်ရုံးမှူးဟောင်း ခဲမဖြူစက်ရုံအတွင်း လိုက်လံစစ်ဆေးစဉ်က"][/caption]

ခဲမဖြူတွေ ပျောက်ဆုံးမှုနဲ့ စက်ရုံမှူးကို မှားယွင်း တရားစွဲဆိုထားတာ ဖြစ်တယ်လို့ သမီးဖြစ်သူ မေသန္တာက ၂၀၁၂ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့က အဖြစ်အပျက် အသေးစိတ်ကို ရေးသားပြီး အသနားခံစာ အဖြစ် တင်သွင်းလိုက်တာပါ။

ခဲမဖြူတွေ ပျောက်ဆုံးတဲ့အမှုကို စစ်ဆေးရာမှာ ချက်ချင်းစစ်ဆေးပြီး ဖမ်းဆီး ချူပ်နှောင်ခဲ့တယ်လို့ သမီးဖြစ်သူက ပြောပါတယ်။ အခြေအမြစ် မရှိတဲ့ နိုင်ငံတော်ပိုင် ပစ္စည်းအလွဲသုံးစားမှု ပုဒ်မ ၆/ ၁ နဲ့ စွဲဆိုလိုက်တဲ့အပေါ် ပြန်လည်စစ်ဆေး ပေးစေချင်တယ်လို့ သမီးဖြစ်သူ မမေသန္တာက ဆိုပါတယ်။

“အဖေဟာ ၂၅ ရက်နေ့မှာ နေပြည်တော်ကို တက်သွားတယ်။ ၀န်ကြီးကို ကိုယ်တိုင်သတင်းပို့မှာ ရမယ်ဆိုပြီး သူသွားသတင်းပို့တယ်။ ၀န်ကြီးက သူကို ၂ မိနစ် လောက်ပဲ လက်ခံစကားပြောတယ်။”

စက်ရုံမှာ သန့်စင်ပြီး ခဲမဖြူတုံး ထားရှိရာ နေရာမှာ ခြေရာလက်ရာပျက်ပြီး ပျောက်ဆုံးနေတာ သိရှိတဲ့အတွက် ချက်ချင်း အစည်းအဝေးထိုင် သတင်းအချက်အလက် စုဆောင်းပြီး ဓာတ်ပုံမှတ်တမ်းနဲ့ တကွ နေပြည်တော်ကို စက်ရုံမှူး ဦးတင်အေး ကိုယ်တိုင် သတင်းသွားပို့ခဲ့တာ ဖြစ်ပါတယ်။

ဒါကို ဦးတင်အေးဟာ သူခိုးတာ တခြားသူကို လွှဲချဖို့အတွက် လိမ်လည်ပြီး လာရောက် တိုင်ကြားတယ်လို့ သုံးသပ်ထားဟာလည်း မှားယွင်း သုံးသပ်တာ ဖြစ်ကြောင်း သမ္မတဆီ ပေးပို့တဲ့ စာထဲမှာ တင်ပြထားပါတယ်။

ဒါ့အပြင် စက်ရုံက သံသယဖြစ်သူ ၂ ဦးရဲ့ ရုတ်ချည်း တိုးတက်သွားတဲ့ ပိုင်ဆိုင်မှုတွေကို ဖော်ပြထားပြီး တိုင်းပြည်တာဝန်ကို ကိုယ်အင်္ဂါပေးလှူပြီး နှစ် ၄၀ တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ ဖခင်ဖြစ်သူဟာ နိုင်ငံတော်က ပေးတဲ့ မြေ ၁ ကွက်ပေါ်မှာ ၀န်ထမ်းချေးငွေနဲ့ ဆောက်ထားတဲ့ အုပ်ညှပ်တိုက် ၁ လုံးသာ ပိုင်ဆိုင်တဲ့အကြောင်းလည်း စာထဲမှာ တင်ပြထားပါတယ်။

အခုပျောက်ဆုံးနေတဲ့ ခဲမဖြူတုံးတွေရဲ့ တန်ဖိုးဟာ တတုံးကို ၁၂ ပိဿာအလေးချိန်ရှိပါတယ်။ အတုံးပေါင်း ၂ သောင်းရှိပြီး ကျပ်သိန်းပေါင်း ၂၈၀၀ တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဟောင်းဦးတင်အေးဟာ ရှေ့တန်းတာဝန်ထမ်းဆောင်ရင်း ဘယ်ခြေထောက် ဒူးအောက်ပိုင်း ဖြတ်ခဲ့ရတဲ့အတွက် နယ်ဘက်တာဝန်အဖြစ် ခဲမဖြူသန့်စင်စက်ရုံကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

တရားစွဲခံထားရတဲ့ ဗိုလ်ကြီးဟောင်းဦးတင်အေးဟာ အင်းစိန်မှာ အချုပ်ကျနေပြီး အာမခံလည်း မရရှိသေးဘူးလို့ သမီးဖြစ်သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013