Home
မြန်မာသတင်း
ဧရာဝတီတိုင်းအစိုးရဟောင်းထံမှ ရန်ပုံငွေကျပ် ၃.၂ ဘီလီယံကျော် ပြန်ရရှိ
သော်ဇင်မျိုး
·
November 14, 2018
46110253_1821202791338829_7460594107115634688_o
ဧရာဝတီတိုင်းအစိုးရဟောင်းက အစိုးရသစ်ထံ မလွှဲပေးခဲ့တဲ့ ဒေသဖွံဖြိုးရေးရန်ပုံငွေ ကျပ်  ၅.၂ဘီလီယံထဲက ၃.၂၉၇ ဘီလီယံကို ပြန်လည်ရရှိပြီလို့ ဒီကနေ့ကျင်းပတဲ့ ဧရာဝတီတိုင်း လွှတ်တော် အစည်းအဝေးမှာ တိုင်းလွှတ်တော်ဥက္ကဋ္ဌက ကြေညာပါတယ်။ ဧရာဝတီ ပညာရေး၊ ကျန်းမာရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ကနေ ဧရာဝတီတိုင်းအစိုးရအဖွဲ့ ငွေစာရင်းအမှတ် (MD-022156)ကို နိုဝင်ဘာ ၁ ရက်က ပေးသွင်းခဲ့တာလို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။ အစိုးရဟောင်းက မလွှဲခဲ့တဲ့ ရန်ပုံငွေကိစ္စကို ၂၀၁၆ ဇူလိုင် ၁ ရက်က ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဖျာပုံမဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက မေးမြန်းခဲ့တာပါ။ ၂ နှစ်ကျော်အကြာ အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ ဖောင်ဒေးရှင်းအနေနဲ့ ဘဏ်မှာ အပ်ထားတဲ့ငွေတွေကို အမြန်ဆုံးပေးဖို့ ကုမ္ပဏီတွေနဲ့ အကျိုးတူ ခေတ္တထုတ်ချေးထားတဲ့ ငွေတွေကို ရက်ပေါင်း ၃၀ အတွင်းပေးဖို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ခေတ္တထုတ်ချေးထားတဲ့ ငွေတွေကို ရက်ပေါင်း ၆၀ အတွင်းပေးဖို့နဲ့ မလိုက်နာရင်ဥပဒေအတိုင်း အရေးယူသွားမယ်လို့ အစိုးရက ထုတ်ပြန်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ပထမအကြိမ်အဖြစ် ၃.၂ ဘီလီယံကျော် ပြန်လည်ရရှိခဲ့တာပါ။ ပေးသွင်းဖို့ ကျန်တဲ့ငွေတွေကိုလည်း သတ်မှတ်ရက်အတွင်း ပေးသွင်းစေဖို့ ဆောင်ရွက်နေပြီး လက်ခံရရှိတဲ့ငွေတွေကိုတော့ တိုင်းဒေသကြီးဖွံဖြိုးရေးလုပ်ငန်းတွေမှာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့အညီ သုံးစွဲသွားမယ်လို့ လွှတ်တော်ဥက္ကဋ္ဌကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024