အာဖဂန်တွင် အသေခံ ဗုံးခွဲမှုဖြစ်၊ ရဲတပ်ဖွဲ့များ အပါအဝင် ၆ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ - Reuters
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ အသေခံဗုံးခွဲသမားတဦးက ရဲစစ်ဆေးရေးဂိတ်တခုနားမှာ နိုဝင်ဘာ ၁၂ ရက်က သူ့ကိုယ်သူ ဖောက်ခွဲခဲ့လို့ ရဲတွေ အပါအဝင် လူ ၆ ဦးထက်မနည်း သေဆုံးတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ နာဂျစ်ဘ် ဒါနစ်ရှ်က ပြောပါတယ်။ ဘယ်စစ်သွေးကြွအုပ်စုကမှ သူတို့လက်ချက်အဖြစ် မကြေညာသေးပါဘူး။ ပေါက်ကွဲမှုကြောင့် ရဲနဲ့ အရပ်သား စုစုပေါင်း ၁၀ ဦး ဒဏ်ရာရပါတယ်။ ကဘူးလ်မြို့လယ် စာသင်ကျောင်းတခုနားက စစ်ဆေးရေးစခန်းနားမှာ ခြေကျင်လမ်းလျှောက်လာတဲ့ ဖောက်ခွဲရေးသမားက သူ့ဝတ်စုံကို ဖောက်ခွဲခဲ့တာပါ။ နိုင်ငံတွင်း ပြည်နယ် ၂ ခုမှာ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကို ဟန့်တားဖို့ ပျက်ကွက်တဲ့ အစိုးရကို ဆန္ဒပြဖို့ ကဘူးလ်မြို့မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးနေချိန်မှာ ခုတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ ဂါဇနီနဲ့ ဟီရတ်ပြည်နယ်တွေမှာ သီတင်းပတ်ကုန်ရက်က တာလီဘန်တွေနဲ့ တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး စစ်သည်အတော်များများ သေဆုံးဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up