DVB Logo
Home
မြန်မာသတင်း
ဆေးလိပ်သောက်သည့်ကိစ္စ အကယ်ဒမီ ပိုင်ဖြိုးသု ရှင်းလင်း (ရုပ်သံ)
DVB
·
November 13, 2018
ဆေးလိပ်သောက်သည့်ကိစ္စ အကယ်ဒမီ ပိုင်ဖြိုးသု ရှင်းလင်း (ရုပ်သံ)
Donate to DVB


လူငယ်တွေ အတုယူမှားစေဖို့ ဆေးလိပ်သောက်တဲ့ပုံ သရုပ်ဆောင်တာ မဟုတ်ဘဲ စာရေးဆရာမကြီး ကြည်အေးရဲ့ဇာတ်ကောင် မီ ကို ပီပြင်အောင် အကောင်းဆုံး သရုပ်ဆောင်ခဲ့တာလို့ သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုက ရှင်းလင်းပြောကြားလိုက်ပါတယ်။

မီ ရုပ်ရှင်ဇာတ်ကားထဲမှာ ဆေးလိပ်သောက်တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့အပေါ် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရှင်းလင်း ပြောကြားလိုက်တာပါ။

သူ့အနေနဲ့ မူးယစ်ဆေးသုံးစွဲတာတို့၊ ဆေးလိပ်သောက်တာတို့ကို တိုက်တွန်းတဲ့ သရုပ်ဆောင်မျိုး ဘယ်တော့မှ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာထွန်းမြင့်ကတော့ မီ ရုပ်ရှင်ဇာတ်ကား ကြည့်ပြီးရင် လူငယ်တွေ ဆေးလိပ်ပြတ်သွားလိမ့်မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဇာတ်ကားရဲ့အစမှာ ဆေးလိပ်သောက်တာ ဘယ်လောက်အန္တရာယ်ရှိသလဲဆိုတာ ကြိုတင်လည်း တင်ပြထားတယ်။ နောက်တခုက ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အခါမှာ လူငယ်တွေအနေနဲ့ ဆေးလိပ်ကို ပိုသောက်လာမလားလို့ ထင်တာလားမသိဘူး၊ မဟုတ်ဘူး။ ကျနော်တို့သိသလောက် ဒီဇာတ်ကားကိုကြည့်ပြီး ပြန်ထွက်လာတဲ့အချိန်ကျရင် အားလုံးက ဆေးလိပ်ပြတ်သွားနိုင်တဲ့ အခြေအနေမှာ ရှိတယ်။”

ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ခံထားရတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက မီရုပ်ရှင်ဇာတ်ကားမှာ ဆေးလိပ်သောက်တဲ့ပုံနဲ့ သရုပ်ဆောင်ထားသလို ရုပ်ရှင်ပိုစတာမှာ ဆေးလိပ်သောက်တဲ့ပုံကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။

မီရုပ်ရှင်ဇာတ်ကားက စာရေးဆရာမကြီး ကြည်အေးရဲ့ ဝတ္ထုကို ဒါရိုက်တာ ဏကြီးက ပြန်လည် ပုံဖော်ရိုက်ကူးထားလည်း ဖြစ်ပါတယ်။

ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ဖြန့်ချိတဲ့ မီ ဇာတ်ကားမှာ နေတိုး၊ ပိုင်ဖြိုးသု၊ မင်းဦး၊ ရဲအောင်၊ သားညီနဲ့ အောင်ရဲထိုက်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

လက်ရှိမှာတော့ မီရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာ ၉ ရက်နေ့ကစပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသုကို ကျန်းမာရေးဦးစီးဌာနကနေ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၉ ရက်မှာ  ရန်ကုန်တိုင်း ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုရှင်းလင်းချက် အပြည့်အစုံ ရုပ်သံကြည့်ရှုရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013