ကျောင်းပတ်ဝန်းကျင် ဘေးကင်းလုံခြုံရေး အခြေခံပညာ ၂၆ ကျောင်း၌ ဆောင်ရွက်မည်

အခြေခံပညာ စာသင်ကျောင်းတွေမှာ ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင် ဘေးကင်းလုံခြုံမှုရှိရေး အစီအစဉ်တွေကို မြန်မာ့ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေးစီမံချက်အနေနဲ့ အစိုးရက လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒီအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ Actionaid နဲ့ Plan International Myanmar တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်း၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ အခြေခံပညာ စာသင်ကျောင်း ၂၆ ကျောင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျောင်းသားထုကနေတဆင့် ပညာပေးခြင်းအားဖြင့် ရပ်ရွာလူထုထဲကို တိုက်ရိုက်ရောက်ရှိနိုင်လို့  ဒီအစီအစဉ်ကို ကျောင်းတွေမှာ ဆောင်ရွက်တာဖြစ်ပါတယ်။ ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင်မှာ ဘေးကင်းလုံခြုံမှုရှိရေး အစီအစဉ်ကို ၂၀၁၈-၁၉ ပညာသင်နှစ်ကနေ စတင်ကာ၂၀၁၉-၂၀ ပညာသင်နှစ်အထိ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ ရန်ကုန်မှာကျင်းပခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကြက်ခြေနီ၊ မီးသတ်နဲ့  အရပ်ဘက်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဆုဆုသွယ်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up