Home
ရင်ဖွင့်စာ/ပေးစာ
အမှိုက်တွေကြောင့် မြို့ပြရဲ့အလှ ပျက်စီးနေတဲ့ မြိတ်မြို့
DVB
·
August 29, 2012
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ စည်ပင်သာယာရဲ့ အမှိုက်သိမ်းစနစ်တွေ စည်းစနစ်မရှိတာနဲ့ ပြည်သူတွေ စည်းကမ်းမဲ့တာတွေကြောင့် မြို့ပြရဲ့အလှအပတွေ ယိုယွင်းပျက်စီးနေပါတယ်။ မြို့အင်္ဂါရပ်နဲ့ မညီညွတ်တော့တာမို့ မြို့အတွင်းနေရာ အတော်များများမှာ အမှိုက်ပုံတွေ ဖုံးလွှမ်းနေပါတယ်။ မြိတ်မြို့နယ် စည်ပင်သာယာရေးဌာနရဲ့ ကားတွေဟာ ကားအို၊ ကားဟောင်းတွေ ဖြစ်တဲ့အပြင် လူနေအိမ်အပြင်၊ ဆေးရုံ/ဆေးခန်းတွေက အမှိုက်တွေကိုပါ မတန်တဆ သယ်ဆောင်လေ့ရှိပါတယ်။ အမှိုက်တချို့ ပြုတ်ကျရာကနေ ရပ်ကွက်တခုရဲ့ လူသွား လမ်းတနေရာမှာ အန္တရာယ်ရှိတဲ့ ဆေးထိုးအပ်/ပြွန်တွေပါတဲ့ အိတ်ကြီးကျန်ခဲ့ပေမယ့် စည်ပင်က ပြန်လည် သိမ်းဆည်းခြင်း မရှိပါဘူး။ အဲဒီ ကျကျန်ခဲ့တဲ့ အိတ်ကြီးကို ပလစ်စတစ်ကောက်တဲ့ ကလေးတွေက သွားရောက် ဖွင့်ကြည့်တာတွေ လုပ်နေတဲ့အတွက် ရောဂါပိုးမွှားတွေ ကူးစက်မှာကိုလည်း စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒေသခံတွေဟာ အခုနောက်ပိုင်း စည်ပင်ကို လစဉ်ကြေးအနေနဲ့ အမှိုက်သိမ်းခ ၁ လကို ငွေ ၁ ထောင်ကျော် ပေးသွင်းနေရတာမို့ အခုလို အန္တရာယ်ရှိမယ့် ဆေးထိုးအပ်/ပြွန်တွေ ကျကျန်ခဲ့တာမျိုး မဖြစ်ရလေအောင် အမှိုက်တွေကို တပိုင်တနိုင် သယ်ဆောင်သင့်ပါတယ်။ တချို့ လူသွားလမ်းနဲ့ ဈေးတွေမှာလည်း စည်းကမ်းမဲ့ အမှိုက်တွေ စွန့်ပစ်နေတာကြောင့် အမှိုက်တွေ တောင်လိုပုံနေပါတယ်။ ဒါကြောင့် ဒေသခံပြည်သူတွေကလည်း မြို့ပြ သန့်ရှင်းသာယာလှပဖို့အတွက် စည်းကမ်းမဲ့ အမှိုက်တွေ မစွန့်ပစ်ဖို့ လုပ်ဆောင်သင့်သလို မြို့နယ်စည်ပင်သာယာကလည်း အမှိုက်တွေကို စနစ်တကျ သိမ်းဆည်းပေးဖို့ လိုအပ်နေကြောင်း ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ ရွှေမြိတ်သားလေး ဇော်ဇော် [album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/myeik/]  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024