A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ သွားရောက်

ဓာတ်ပုံ - MOFA
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က စင်ကာပူနိုင်ငံကို နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံမှာ နိုဝင်ဘာ ၁၁ ရက်နေ ၁၅ ရက်ထိ ကျင်းပမယ့် ၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up