Home
မြန်မာသတင်း
မန္တလေး နန်းမြို့ရိုးကျုံးရေပြင် အကာအရံများ မထားတော့ဟု ၀န်ကြီးချုပ်ပြော
DVB
·
November 11, 2018
မန္တလေးတိုင်း​ဒေသကြီး ​အောင်​​မြေသာစံမြို့နယ် ​နန်းမြို့ရိုးကျုံး အရှေ့ဘက် (၆၆ လမ်း၊၁၂ လမ်းနဲ့ ၂၆ လမ်းကြား ကျုံးရေပြင် အကာအရံ​တွေကို မထည့်​တော့ဘဲ ရှေးယခင်အတိုင်း ထားရှိ​တော့မယ်လို့ မန္တ​လေးတိုင်းဝန်ကြီးချုပ်​ ​ေ​ဒါက္တာ​ေဇ်ာမြင့်​​​မောင်​က ​ပြောပါတယ်။ “အများပြည်သူ အနေနဲ့ စည်းကမ်းရှိကြဖို့ လိုအပ်​တယ်။ လက်​ရှိအကာအရံထား ရှိထားတာနဲ့ ​ရှေးယခင်​အတိုင်း အကာအရံမထားရှိတာနဲ့ ပတ်​သက်ပြီး မန္တ​လေးမြို့ခံတွေရဲ့ ဆန္ဒသဘောထား ကောက်ခံသွားမှာလည်းဖြစ်ပါတယ်​။ ၆၆ လမ်းကျုံးဘေးကို ပြင်မယ်။ သံဇကာကြီး ထည့်သင့်လား၊ မထည့်သင့်လားဆိုတာက ကျနော့်သဘော ဆန္ဒအရ မထည့်သင့်ဘူး။ ကျနော့်သဘောက သဘာဝအတိုင်းလေးပဲ ဖြစ်ချင်တယ်။ ငယ်စဉ် ကြီးပြင်းခဲ့စဉ်က ဘာသံဇကာမှ မရှိခဲ့သလို ကျုံးထဲ လူသေတာလည်း မရှိခဲ့ဘူး။ ဘာလို့လည်းဆိုတော့ အားလုံးက စည်းကမ်းရှိကြတယ်။ ကျုံးထဲ မဆင်းရဘူးဆိုတဲ့ အသိနဲ့ အားလုံးက စည်းကမ်းရှိကြတယ်။” “သဘာဝအတိုင်း အကာအရံမရှိ​တော့တဲ့ နန်းမြို့ကျုံးကြီးကို ပြန်​လည်​မြင်​ရ​တော့မယ်​ဆို အဘက​တော့ ​ကျေနပ်​မိတယ်၊​ လူကြီး​တွေကို အရမ်း​ကျေးဇူးတင်​တယ်​​လေ။ ပြီး​တော့ ကျုံးအတွင်းမှာ ​မှော်​ရှင်​​တွေရှိ​နေ​တော့ က​လေး လူကြီး အန္တရာယ်​ရှိတယ်​ဆိုတာ သိကြတယ်​။ အဲ​ခေတ်​က လူငယ်​​တွေက စည်းကမ်းရှိသလို ခုလူငယ်​​တွေ စည်းကမ်းရှိဖို့လိုတယ်။ ဒါဆို ကျုံး​ရေပြင်​ကို အကာရံမဲ့မြင်​​တွေ့ရ​တော့မယ်” ​လို့ အသက်​ ၈၀ ​ကျော်အရွယ်​ အဘ ဦးညီပုက ​ပြောပါတယ်​။ မန္တလေးမြို့ဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နောက်ဆုံး ကုန်းဘောင်မင်းဆက်များ စိုးစံခဲ့တဲ့ နန်းတော်၊ မြို့ရိုး၊ ကျုံးတို့နဲ့ တင့်တယ်ခန်းနားစွာ တည်​ရှိခဲ့တဲ့ ​ရှေး​ဟောင်း သမိုင်းဝင်​မြို့ကြီးလည်း ဖြစ်​တာ​ကြောင့် ​ကမ္ဘာလှည့်ခရီးသွားတွေ အထူး စိတ်ဝင်စားရာ နန်းမြို့ရိုးကြီးတခုလည်း ဖြစ်​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024