A d v e r t i s e m e n t With Us

YBS ယာဉ်မောင်းကို သံတုတ်ဖြင့် ရိုက်ခဲ့မှု အပြန်အလှန်တရားစွဲ(ရုပ်သံ)

ဒလ-တွံတေးပြေးဆွဲတဲ့ YBS ကားကယာဉ်မောင်းကို တက္ကစီယာဉ်မောင်းက သံတုတ်နဲ့ ရိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားတယ်လို့ ဒလ-တွံတေး YBS ယာဉ်လိုင်းကို ပြေးဆွဲနေတဲ့ စံဝေလအများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။ တွံတေးရဲစခန်းမှာ YBS ယာဉ်မောင်း ဦးကျော်မင်းအောင်ရဲ့ တိုင်တန်းချက်အရ တက္ကစီယာဉ်မောင်းကို ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာမှု ပုဒ်မ-၂၉၄၊ ရိုက်မှုပုဒ်မ ၃၂၅ တို့နဲ့ အမှုဖွင့်ထားပြီး တက္ကစီယာဉ်မောင်းက YBS ယာဉ်မောင်းကို ညစ်ညမ်းစွာ ဆဲဆိုမှု ပုဒ်မ-၂၉၄ နဲ့ ပြန်အမှုဖွင့်ထားပါတယ်။ TAXI ယာဉ်မောင်းအနေနဲ့ အာမခံလျောက်ထားရရှိထားပြီး YBS ယာဉ်မောင်း ဦးကျော်မင်းအောင် အာမခံရယူဖို့ကို ဆောင်ရွက်ပေးသွားမယ်လို့  ကုမ္ပဏီဥက္ကဋ္ဌက ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့က ဒလမြို့ သင်္ဘောဆိပ် ကားကြီးကွင်းကနေထွက်ခွာလာတဲ့ YBS ယာဉ်မောင်း ဦးကျော်မင်းအောင်ကို တက္ကစီယာဉ်မောင်းက သံတုတ်နဲ့ ရိုက်ခဲ့တာပါ။ ဒလ-တွံတေးလမ်းကြောင်းကို စံဝေလကုမ္ပဏီက ၂၀၁၈ ဇူလိုင်က စတင်ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။ (အာကာ)

A d v e r t i s e m e n t With Us

More News
Up