A d v e r t i s e m e n t With Us

သက်ကြီးသတင်းစာဆရာ/ဆရာမကြီးများ ပူဇော်ကန်တော့ပွဲ မန္တလေးတွင် ပြုလုပ်

မန္တလေးမြို့ ချမ်း​အေးသာစံမြို့နယ်​မှာ မြန်မာနိုင်ငံ စာရေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး) က တတိယအကြိမ်မြောက် သက်ကြီးသတင်းစာဆရာ/ဆရာမကြီးများ ပူဇော်ကန်တော့ပွဲကို နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ၇၁ လမ်း ၂၈ လမ်း ရွှေခန်းမမှာ ပြုလုပ်​ခဲ့ပါတယ်​။ အသက် ၈၀ နဲ့အထက် သတင်းစာဆရာ/ဆရာမကြီးတွေကို ကန်တော့ခံပစ္စည်းတွေနဲ့အတူ ကန်တော့ခဲ့ကြပါတယ်။ ပူဇော်ကန်တော့တဲ့ပွဲကို ကန်တော့ခံ သတင်းစာဆရာ/ဆရာမ ၁၀ ဦးထဲက ၈ ဦး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်း မန္တလေးတိုင်းဒေသကြီး အမှုဆောင်တွေနဲ့အတူ အသင်းဝင်တွေ၊ အခြား သတင်းမီဒီယာတွေက တက်ရောက် ကန်တော့ခဲ့ကြပါတယ်​။ သတင်း​ဆရာ​တွေအ​နေနဲ့ အ​ရောင်​အ​သွေးမခွဲခြားဘဲ အမှန်​တရားကို လက်​ကိုင်​ထား​ရေးသားကြဖို့ စာ​ရေးဆရာကြီးဦးညီပု (မျိုးညီညီ​မော်​)က သြဝါဒ​ပေးဆုံးမသွားခဲ့ပါတယ်။ သတင်းမီဒီတွေအနေနဲ့ မှန်တာကို ရေးသားတင်ပြနိုင်ဖို့နဲ့ အချင်းချင်း ရိုင်းပင်းကူညီကြဖို့၊ စည်းလုံးညီညွတ်ကြဖို့ လိုတယ်လို့ သတင်းစာဆရာကြီး ရွှေရိုး (မန္တလေး) က သြဝါဒ​ပေးခဲ့ပါတယ်​။

A d v e r t i s e m e n t With Us

More News
Up