စပါးက ခရစ္စတယ်ပဲလေ့စ်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းက ခရစ္စတယ်ပဲလေ့စ်ကို ၁ ဂိုး ဂိုးမရှိနိုင် အနိုင်ရရှိသွားပါတယ်။ ခရစ္စတယ်ပဲလေ့စ်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာ စပါးက အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့သလို ဂိုးပေါက်ခြိမ်းခြောက်မှုလည်း အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။ နှစ်သင်းလုံး ပထမပိုင်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်းမှာမှ စပါးအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် ၆၆ မိနစ်မှာ ဂျူအန်ဖလွိုက်က သွင်းယူပေးခဲ့တာပါ။ စပါးအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ၁၂ ပွဲကစား ရမှတ် ၂၇ မှတ်၊ ခရစ္စပဲလေ့စ်ကတော့ ၁၂ ပွဲကစား ရမှတ် ၈ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။ မနေ့ညက အသင်းငယ်အချင်းချင်း တွေ့ဆုံတဲ့ ပွဲတွေမှာတော့ ကာဒစ်နဲ့ နယူးကာဆယ်အသင်းတို့သာ အသီးသီး အနိုင်ရခဲ့ပြီး ကျန်အသင်းတွေ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ကာဒစ်က ဘရိုက်တန်ကို ၂-၁ ဂိုး၊ နယူးကာဆယ်က ဘုန်းမောက်ကို ၂-၁ ဂိုး၊ ဟက်ဒါဖီးလ် ၁-၁ ၀က်စ်ဟမ်း၊ လက်စတာ ၀-၀ ဘန်လေ၊ ဆောက်သမ်တန် ၁-၁ ၀က်ဖို့ဒ် စတဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up