ဂျပန်ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ပူးပေါင်းဆောင်ရွက်မည်

ဂေလြိဂျရဲ့ ဥက္ကဋ္ဌ ကာဇုမိ အိုဟီဂါရှီနှင့် ြမန်မာနုိင်ငံေဘာလံုးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးေဇာ်ေဇာ် လက်မှတ်ေရးထိုးအြပီး (ဓာတ်ပံု- Kyodo News)
ဂျပန်နိုင်ငံက ပရော်ဖက်ရှင်နယ် ဘောလုံအဖွဲ့ချုပ် (J-League)က မြန်မာနေရှင်နယ်လိဂ်နဲ့  အကျိုးတူစီးပွားဖက် အဖြစ် ဆောင်ရွက်ဖို့ မနေ့က သဘောတူလက်မှတ်ထိုးလိုက်ပါတယ်။ ဂျေလိဂ်ရဲ့ဥက္ကဋ္ဌ ကာဇုမိ အိုဟီဂါရှီ (Kazumi Ohigashi) နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ ရန်ကုန်မြို့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဂျေလိဂ်ရဲ့ ဥက္ကဋ္ဌ ကာဇုမိ အိုဟီဂါရှီ နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် လက်မှတ်ရေးထိုးအပြီး (ဓာတ်ပုံ- Kyodo News)
အဖွဲ့ချုပ် ၂ ခုဟာ ဈေးကွက်နဲ့ ဆက်သွယ်ရေးလမ်းကြောင်း စတာတွေမှာ ပူးပေါင်းဆောင်ရွက်မှာဖြစ်သလို ကစားသမား ပညာသင်စေလွှတ်ရေး အစီအစဉ်တွေ၊ လူအပြန်အလှန် အလဲအလှယ် အရွှေ့အပြောင်း ကိစ္စတွေကို ပါ ဆောင်ရွက်မယ်လို့ ဂျေလိဂ် ရဲ့ တရားဝင် ၀က်ဘ်ဆိုက် မှာ ကြေညာ ထားပါတယ်။ သဘောတူညီချက်အရ အဖွဲ့ချုပ် ၂ ခု ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဂျေလိဂ်ရဲ့ စီမံခန့်ခွဲရေး ကျွမ်းကျင်မှုကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကို မျှဝေပေးမှာ ဖြစ်ပါတယ်။ လက်မှတ်ထိုးပွဲအခမ်းအနားမှာ ဦးဇော်ဇော်က မြန်မာပြည်ရဲ့ ဘောလုံးလောကတိုးတက်ရေး စွမ်းဆောင်ဖို့အတွက် ကောင်းမွန်တဲ့ လုပ်ဖော်ကိုင်ဖက်ရတာဟာ အရေးကြီးတယ် လို့ ကျေးဇူးတင်စကား ဆိုကြောင်း ကျိုဒိုသတင်းက ရေးပါတယ်။ ဒီသဘောတူညီချက်ရတဲ့အတွက် မြန်မာဘောလုံးတာဝန်ရှိသူဟာ  ဂျပန်လုပ်ဖော်ကိုင်ဖက်တွေ ထံကနေ စီမံခန့်ခွဲအုပ်ချုပ်မှု စနစ်တွေကို လေ့လာသင်ယူနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဂျပန်လိဒ်ဥက္ကဋ္ဌကလည်း သူတို့လေ့လာဆည်းပူးခဲ့သမျှတွေကို အာရှနိုင်ငံတွေက ရောင်းရင်းတွေကို မျှဝေပေးချင်ပါတယ်လို့ ပြောပါတယ်။ ဂျေလိဂ်ဟာ ပူးပေါင်းဆောင်ရွက်ဖို့ ဒီနှစ် ဖေဖော်ဝါရီလမှာ ထိုင်းနိုင်ငံနဲ့ သဘောတူခဲ့သလို ဗီယက်နမ်နိုင်ငံနဲ့လည်း ဒီလအတွင်း သဘောတူခဲ့ပါတယ်။ ဒီနောက် မြန်မာနဲ့ သဘောတူခဲ့တာဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်မှာ ကလပ်အသင်း ၁၄ သင်းရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up