ကာတာသံတမန်ယာဉ်တန်းကို ပါလက်စတိုင်းလူငယ်အချို့ ခဲဖြင့်ပစ်ပေါက်

ဂါဇာနယ်စပ် ပါလက်စတိုင်းတွေ ဆန္ဒပြရာနေရာကို လာရောက်တဲ့ ကာတာသံတမန်ရဲ့ ယာဉ်တန်းကို ပါလက်စတိုင်းလူငယ်တချို့က နိုဝင်ဘာလ ၉ ရက်နေ့မှာ  ခဲနဲ့ပစ်ပေါက်ခဲ့ကြပါတယ်။ ဂါဇာဒေသ အကူအညီပေးရေး ကာတာသံတမန် မိုဟာမက်အယ်အမ်မာဒီ  ဂါဇာနယ်စပ်ကို ရောက်လာချိန်မှာပဲ ပါလက်စတိုင်းလူငယ်တချို့က ခဲ့နဲ့ပစ်ပေါက်ခဲ့ပါတယ်။ အဲဒီလို ခဲနဲ့ပစ်ပေါက်ခဲ့တာကြောင့် အမ်မာဒီရဲ့ကား ထိခိုက်မှုမရှိခဲ့ပေမယ့်   သက်တော်စောင့်တွေရဲ့ ကားပြတင်းမှန် ကွဲသွားခဲ့ပါတယ်။ အစောပိုင်းက ကာတာအစိုးရဟာ ဂါဇာဒေသက  ဆင်းရဲနွမ်းပါးတဲ့ ပါလက်စတိုင်း အရပ်ဘက် ဝန်ထမ်းတွေကို အမေရိကန် ဒေါ်လာ ၁၅ သန်း ထောက်ပံ့ပေးခဲ့ပါတယ်။ ကာတာအစိုးရ  ထောက်ပံ့ငွေဟာ လာမယ့် ၆ လအတွင်း အစ္စရေးသဘောတူညီမှုနဲ့ ဂါဇာဒေသကို ပေးအပ်မယ့် စုစုပေါင်း အကူအညီဒေါ်လာ သန်း ၉ဝ ရဲ့ ပထမဆုံးအရစ် ပေးအပ်မှုဖြစ်တယ်လို့ ပါလက်စတိုင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up