DVB Logo
Home
မြန်မာသတင်း
အလန်းစားရိုက်ချက်များဖြင့် နေရွှေသွေးအောင်၊ သင်ဇာဝင့်ကျော်တို့ ပါသည့် ကာဗာသီချင်း (ရုပ်သံ)
DVB
·
November 9, 2018
အလန်းစားရိုက်ချက်များဖြင့် နေရွှေသွေးအောင်၊ သင်ဇာဝင့်ကျော်တို့ ပါသည့် ကာဗာသီချင်း (ရုပ်သံ)
Donate to DVB


ကာဗာသီချင်းတွေကို သီဆိုဖန်တီးလေ့ရှိတဲ့ နေရွှေသွေးအောင်နဲ့ နာမည်ကြီးသ ရုပ်ဆောင်မင်းသမီး သင်ဇာဝင့်ကျော်၊ ထိုင်းသရုပ်ဆောင်မင်းသမီး ကရာဗီတို့ တွဲဖက်သ ရုပ်ဆောင်ထားကြတဲ့ သီချင်းရုပ်သံဟာ လတ်တလောမှာ နာမည်ကြီးနေပါတယ်။

ဒီတခါမှာတော့ နေရွှေသွေးအောင်က အဆိုတော် အင်းနရစ်ခ် အက်ဂါလာဆိုင်းယာ့စ်ရဲ့ Tonight I’m Loving ကို ရွေးချယ်ထားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ထုံးစံအတိုင်း မြူးကြွတဲ့ တေးသီချင်းစာသားတွေနဲ့ တွဲဖက်ထားတဲ့ ရိုက်ချက်ကြမ်း ကြမ်းတွေကို ဒီသီချင်းရုပ်သံထဲမှာ ရှုစားကြရမှာပါ။

သင်ဇာဝင့်ကျော်နဲ့ ကရာဗီတို့ဟာလည်း Sexy ကျတဲ့ အလှအပနဲ့ သရုပ်ဆောင်မှု တွေကြောင့် နာမည်ကြီးတာဖြစ်ပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ထူးခြားတဲ့ ပုံရိပ်တွေနဲ့ သရုပ်ဆောင်ထားခဲ့ကြတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ညပိုင်းက နေရွှေသွေးအောင်ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ၂ ရက်အတွင်း ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၈ သိန်းနီးပါး ရှိနေခဲ့ပြီဖြစ်ပါတယ်။

ဘားထဲမှာ အလန်းစားသရုပ်ဆောင်ထားခဲ့တဲ့ ပုံရိပ်တွေအပြင် ကမ်းခြေမှာ ရိုက်ကူးထားတဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကိုလည်း ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013