လော့စ်အိန်ဂျလိစ်ဘား သေနတ်ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တဦး အပါအဝင် ၁၂ ဦးသေဆုံး

ဓာတ်ပုံ - AFP
1.8K
လော့စ်အိန်ဂျလိစ်မြို့အနီး ဘားတခုမှာ နိုဝင်ဘာ ၇ ရက် ညက ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှု အတွင်း ရဲဝန်ထမ်း ၁ ဦး အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အဲဒီသေနတ်သမားဟာ ဘားမှာ ကခုန်နေတဲ့ ကောလိပ်ကျောင်းသားတွေနဲ့ လူငယ်တွေကို ပစ်ခတ်ခဲ့တာပါ။
သူဟာ အီယန်လောင်းဆိုသူ အသက် ၂၈ နှစ်အရွယ် မရိမ်းတပ်ဖွဲ့ဝင်ဟောင်း တဦးဖြစ်ပြီး သူ့ကိုယ်သူလည်း ပစ်သတ်ခဲ့ဖွယ်ရှိတယ်လို့ ရဲအရာရှိ ဂျက်ဖ်ဒင်းက ပြောပါတယ်။
ဂျက်ဖ်ဒင်းက သေနတ်သမား အီယန်ဟာ Glock .45 ပစ္စတိုသုံးပြီး မည်းမည်းမြင်ရာ ပစ်ခတ်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာရသူတဦး အပါအဝင် လူ ၁၀ ဦးကနေ ၁၅ ဦးခန့်ကို ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့လည်း ရဲအရာရှိ ဂျက်ဖ်ဒင်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။