ပြည်ထောင်စု ၀န်ကြီးများ ပြောင်းလဲ ခန့်အပ်
DVB
·
August 27, 2012
ပြည်ထောင်စုဝန်ကြီးတွေ ပြောင်းလဲ တာဝန်ပေးအပ်တဲ့စာရင်းကို နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံးဝန်ကြီးတွေ အဖြစ်နဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို ပြန်ကြားရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို သမ၀ါယမ ၀န်ကြီး၊ သမ၀ါယမ ၀န်ကြီး ဦးအုန်းမြင့်ကို မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီး၊ သိပံ္ပနဲ့ နည်းပညာဝန်ကြီး ဦးအေးမြင့်ကို စက်မှုဝန်ကြီး၊ မူလက ၀န်ကြီးဌာန နှစ်ခု တာဝန်ယူထားတဲ့ ဦးတင့်ဆန်းကို အားကစားဝန်ကြီးအဖြစ် အသီးသီး ပြောင်းလဲ ခန့်အပ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ကြေညာထားပါတယ်။