နယူးယောက်ဘူတာ ဗုံးဖောက်ခွဲမှုဖြင့် ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အပြစ်ရှိကြောင်း ဆုံးဖြတ်

ဓာတ်ပုံ - AFP
2.5K
နယူးယောက်မြို့ မြေအောက်ရထားဘူတာ စင်္ကြံလမ်းမှာ ဗုံးဖောက်ခွဲမှုနဲ့ ဖမ်းဆီးခံရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အာကေးအာလာကို အိုင်အက်စ်အဖွဲ့အား ထောက်ပံ့မှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက နိုဝင်ဘာ ၆ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။
အာကေးအာလာကို စွဲချက်တင်ထားတဲ့ ရာဇဝတ်မှု ၆ မှုစလုံးနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ ဖက်ဒရယ် အစိုးရရှေ့နေတွေက ပြောပါတယ်။
မန်ဟက်တန် ဖက်ဒရယ်တရားရုံးက အာလာရဲ့အမှုကို သီတင်းပတ်ကြာ ကြားနာခဲ့ပြီးနောက် အခုလို စီရင်ချက်ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလတုန်းက အာကေးအာလာဟာ မန်ဟက်တန်မြို့လယ်ရှိ မြေအောက်ရထားလမ်းနှစ်ခုနဲ့ ဘတ်စ်ကားဂိတ်တို့ကို ဆက်သွယ်တဲ့ လူသွားစင်္ကြံမှာ ဖောက်ခွဲမှု ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရပါတယ်။
အဲဒီဖောက်ခွဲမှုကြောင့် လူသေဆုံးမှု မရှိခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။