အိပ်မက်ဆုံရာတေးသံရှင် လဖိုင်နန်ရော်သီဆိုထားသည့် ရသမော်ကွန်းအလင်္ကာ ဇာတ်ဝင်တေး (ရုပ်သံ)
DVB
·
November 7, 2018

“ပုံပြင်ဆန်ဆန် ကိုယ့်ဘ၀လေးထဲ… ပုံပြင်ဆန်ဆန် ရောက်လာသူ… ပုံပြင်ဆန် ဆန် ရောက်လာသူ… ကိုယ့်ရဲ့ အသည်းနှလုံးလေးကို စိုးမိုးအနိုင်ယူ”
ဒါကတော့ လတ်တလော ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာ နာမည်ကြီးနေခဲ့တဲ့ ရသမော်ကွန်းအလင်္ကာဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးသီ ချင်းထဲက စာသားတွေပါ။
“ပုံပြင်ဆန်ဆန် ကိုယ့်ဘ၀ထဲက… ပုံပြင်ဆန်ဆန် ပျောက်သွားသူ… ကိုယ့်ရဲ့ အ သည်းနှလုံးလေးလည်း… မင်းနောက်ပါသွားပြီ”
ပုံပြင်ဆန်ဆန်အမည်ရတဲ့ ဒီသီချင်းကိုတော့ တေးရေးဆရာ မြင့်မိုးအောင်က ရေး စပ်ပေးထားတာဖြစ်ပြီး အိပ်မက်ဆုံရာ တေးသံရှင် လဖိုင်နန်ရော်က သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။
“မင်းရောက်မှ နိုးမယ့်အချစ်တွေ… အိပ်စက်နေ…မင်းနမ်းမှ ပွင့်မယ့်ပန်းတွေ… အသက်မဲ့နေ… ကျန်နေသူ ကိုယ်တယောက်တည်း… တခြမ်းပဲ့တဲ့ အသည်းလေးနဲ့… လွမ်း ခြင်းဖွဲ့ သီချင်းလေးနဲ့… တမ်းတရင်းမောပြီ အချစ်ရေ”
နူးညံ့လှပတဲ့ တေးသီချင်းစာသားတွေနဲ့ အသံအားကောင်းကောင်းနဲ့ လဖိုင်နန် ရော်ရဲ့ သီဆိုမှုဟာ တကယ့်ကို လိုက်ဖက်ပြီး ဒီသီချင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာ နက်စာမျက်နှာပေါ် မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
“ဘယ်ချိန်မှာ ကိုယ့်ရဲ့ဘ၀ထဲ… မင်းပြန်ဝင်လာမလဲ… အလွမ်းများနဲ့… စောင့်မျှော် နေမိတယ်”
သရုပ်ဆောင် မင်းသားမင်းသမီးအသစ်တွေဖြစ်ကြတဲ့ အောင်ရေချမ်း၊ သျှင်းမြတ်၊ ခြူးနဲ့ ဟေဇယ်ညီညီထွန်းတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ရသမော်ကွန်းအလင်္ကာ ဇာတ်လမ်းတွဲကိုတော့ MRTV 4 ကနေ ပုံမှန်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။