အမေရိကန်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ

ဓာတ်ပုံ - Reuters
အမေရိကန်နိုင်ငံတဝှမ်း ကြားဖြတ်ရွေးကောက်ပွဲတွေကို နိုဝင်ဘာ ၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခုရွေးကောက်ပွဲကို ထရမ့်ရဲ့ သမ္မတသက်တမ်း ပထမ ၂ နှစ်အပေါ် ပြုလုပ်တဲ့ ပြည်သူ့ဆန္ဒခံယူပွဲအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ ပြည်သူတွေဟာ ကွန်ဂရက်မှာ သမ္မတထရမ့်ရဲ့ ရီပတ်ဘလစ်ကန်တွေ ဆက်လက်ကြီးစိုးမလား၊ ဒါမှမဟုတ် ဒီမိုကရက်တွေ နေရာရပြီး ထရမ့်ရဲ့ လုပ်ငန်းစဉ်ကို နှောင့်နှေးစေမလား ဆိုတာကို အဆုံးအဖြတ်ပေးမယ့် ဆန္ဒမဲတွေ ပေးနေကြပါတယ်။ အခုရွေးကောက်ပွဲဟာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းမှာ မဲရုံတွေကို ညနေ ၆ နာရီမှာ ပိတ်သိမ်းပြီး ကနဦး မဲရလဒ်တွေကို မကြာခင် ကြေညာမယ်လို့ မျှော်လင့်ရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

More News
Up